8

5.4K 285 2
                                    

🍃🌱🍃

''သာသာ ရေ   နှင်းဆီပင်လေးတွေကို တစ်ပင်နဲ့တစ်ပင် ခပ်ခွာခွာစိုက်နော် သားလေး"

''ဟုတ်ကဲ့ အမေ"

ဒီနေ့သည် စနေနေ့မို့ ကျွန်တော်တို့ ကျောင်းတွေ ပိတ်ပါ၏။
အိမ်ကို စပြောင်းလာသည့်နေ့ကတည်းက စိတ်ထဲတွင် တေးမှတ်ထားသော အိမ်ရှေ့တစ်ပြင်လုံးကို ပန်းပင်များဖြင့် အပြည့်စိုက်ပစ်မည်။ အရိပ်ကောင်းကောင်းရသောသပြေပင်၏ပင်စည်ပတ်လည်အား
ခုံတန်း ပတ်ပတ်လည်ရိုက်ပစ်မည်ဟု တေးမှတ်ထားသမျှ ဒီကျောင်းပိတ်ရက်၂ရက်အတွင်းအကောင်အထည်ဖော်နေခြင်း
ဖြစ်၏။ တီတီနု ခြံအတွင်းမှ မျိုးခွဲကာ ယူလာသော စံပယ်ပင်၊ နှင်းဆီပင်၊ ရွက်လှအရွက်နီပင်၊ ကံ့ကော်ပင်အပေါက်လေးတွေနှင့် တခြားပန်းမျိုးစိတ် တော်တော်များများ အား  အမေနှင့်အတူ စိုက်ပျိုးဖြစ်၏။ မနက်ဖြန်ခါ တနင်္ဂနွေနေ့မှ အိုက်လျှမ်းက ကျူရှင်နားရက်ရှိမှာမို့ မနက်ဖြန်မှ ကိုကြီးဆိုင်ဟန်ကပါ သူ့ညီနှင့်အတူ သပြေပင်ပတ်လည်အား ခုံတန်းလာရိုက်ပေးမည်ဆိုသောကြောင့်  ယနေ့အပင်များအား အပြီး စိုက်ပျိုးရမည်။  အပင်လေးတွေမြန်မြန်ကြီးလာအောင် မြေဩဇာကောင်းကောင်းလို၏။

''အမေ သား အပင်လေးတွေလဲ ပိုသန်သွားအောင်  တီတီနုတို့ အိမ်ရှေ့လမ်းမ အကျော်က ကျွဲချေး(ချီး)ခြောက်တွေ သွားကျုံးလိုက်ရမလား ဟင်''

''နေပါ သားရယ် တချို့ပန်းပင်တွေက အသန့်ကြိုက်တယ်
အမေ ဈေးနေ့မှ  ပန်းပင်တွေအတွက် မြေဩဇာမေးကြည့်ပါမယ်"

"ဪ ဟုတ်လား သားက အပင်မြန်မြန်ကြီးချင်တာပဲ သိတာ ဟီးး"

သားအမိနှစ်ယောက် ရယ်ရယ်ပြောပြောဖြင့်  ပန်းပင်များ နေရာတကျ စိုက်ပျိုးနေတုန်း ခြံရှေ့တွင် အသံကျယ်လွန်းလှသောဆိုင်ကယ်ကြီး ၃စီး လာရပ်၏။
YAMAHA ဆိုလားတော့ မသိပါဘူး တံဆိပ်မြင်လို့သာ ဖတ်ကြည့်တာပါ။
ဒီလို ရွာမကျ မြို့မကျ မြို့ကျဉ်းကျဉ်းလေးမှာလဲ ဒီလိုဆိုင်ကယ်စီးတဲ့သူရှိတယ်လားပေါ့။ မှန်အလုံ Helmet ကိုယ်စီ ဆောင်းထားတာမို့ ဘယ်သူဘယ်ဝါမှန်း လဲ မသိရပါ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now