26

4.8K 248 2
                                    


🍃🍃

"အမေရေ ! ခွေး ...ကိုက်တော့မလား မသိဘူး!"

"ကယ်ကြပါအုန်း ! "

ခြံထဲကနေ အစွယ်တဖွားဖွားနဲ့ သွားရေတမြားမြား ကျကာ စူးစူးဝါးဝါး ဟောင်လိုက်တဲ့ ခွေးကြောင့် နဂို ကတည်းက ခွေးကြောက်တတ်တဲ့ လမင်းမှာ  ဆွဲထားတဲ့ မာလကာပင်ကိုင်းကြီးကို လွှတ်ပြီးအနောက်လမ်းကြားအတိုင်း  ကဆုန်ပေါက် ပြေးလာတာ  လမင်းတို့ခြံဘေးရှိ လမ်းကြားထဲက
ပြန်ထွက်လာတဲ့ အထိ ပါးစပ်ကလည်း အဆက်မပြတ် အော်လိုက် ပြောလိုက် ၊ကူပါ ကယ်ပါ နဲ့။

လမင်း ပြေးလာကတည်းက အနောက်ကို တစ်ချက်မှ လှည့်မကြည့်ခဲ့ပါ။ ခြံရှေ့နားရောက်ခါနီး ခြံရှေ့မှာ ရပ်နေတဲ့ ဆိုင်ကယ် ၄စီးကြောင့် ပြေးလာတဲ့ ခြေလှမ်းကို နှစ်ဆလောက် သွက်သွက်အလုပ်ပေးလိုက်သည်။

~~~~~

ခန့်စေတို့ လေးယောက် လမင်းတို့ ခြံရှေ့ ဆိုင်ကယ်ရပ်ပြီး မကြာ လမ်းကြားထဲက လုံးလုံးနှင့် အသည်းအသန် ပြေးလာသော လမင်းကို မြင်လိုက်ရတာကြောင့် ပြေးလာတဲ့ လူသားလေးကို အကဲခတ် ကြည့်လိုက်သည်။  ပါးစပ်ကလည်း ဘာတွေပြောလာမှန်းမသိ ။ သေချာတာကတော့ တစ်ခုခုကို ကြောက်အားလန့်အားနဲ့ပြေးလာတဲ့ ပုံစံလေး။ မျက်နှာပေါ်မှာ အထင်းသား။ ကိုယ်တွေ လေးယောက်ကို မြင်တာနဲ့ ပြေးလာလိုက်တာများ ။ အနိုင်ကျင့်ခံရတဲ့ ကလေး အမေကိုတွေ့သွားလို့ အားကိုးရာ ရသွားသလို။

ပြေးလာတဲ့ လမင်းက ဝဏ္ဏ ဆီကို တန်းနေအောင် ပြေးဝင်လာတာမို့

မထင်မှတ်ထားပါဘဲ၊ မမျှော်လင့်ထားပါပဲ လမင်းက ကိုယ်မဟုတ်တဲ့ ကိုယ့်သူငယ်ချင်းဆီ ပြေးဝင်သွားတာမို့ ခန့်စေ အမှန်တိုင်း ပြောရရင် ရင်ဘတ်‌ဟာဆစ်ခနဲ နေသလို ခံစားရခက်တာတော့ သေချာ၏။  ကိုယ့်နားမှာ သာ အမြဲ အနီးကပ်ရှိစေခဲ့ပြီး ကိုယ့်ကိုသာလျှင် အားကိုးစေခဲ့ပေမယ့် အနည်းငယ် ဝေးကွာသွားတဲ့ အချိန်အတွင်း ကိုယ်ဟာ လမင်း မျက်လုံးထဲမှာ အားကိုးစရာ လူတစ်ယောက်လောက်တောင် နေရာ မရှိတော့တာလား။
ဝဏ္ဏ လက်မောင်းကို အားကိုးတကြီး ဖက်တွယ်ကာ လက်ညိုးတထိုးထိုးနဲ့ ကလေးလေး တိုင်ပြောနေသလို ပြောနေတာကို မြင်နေရတယ်။ သို့သော် ခန့်စေနားထဲ ဘာအသံမှမကြားရတော့သလို အူထူနေ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now