25

4.8K 237 3
                                    

🌤️

နေပူကျဲတဲ ဟင်းလင်းပြင်ကြီးထဲ ပြောင်းချိုးရတဲ့ အလုပ်က ထင်သလောက် မလွယ်ကူနေပါ။

တစ်နေ့တာ လုပ်အားစိုက်ထားရတဲ့ နေ့စားခ ငါးထောင်ကျပ်လေး ရဖို့အရေး နဖူးကချွေးတွေ မြေခထားရ၏။ ၃သိန်းရဖို့အရေးကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။
အခွင့်ထူးခံ လူတန်းစားလေးတွေတော့ မဟုတ်ပေမယ့် ပင်ပန်းတာဆို ဘာမှမလုပ်ရတဲ့ လမင်းတို့ နှစ်ယောက်မှာ
အမေတွေဆီက အမွေရထားတဲ့ နို့နှစ်ရောင် အသားအရည်စိုစိုလေးတွေအပေါ် အနီကွက်တချို့နှင့် ချွေးစီးကြောင်း၊ ကုတ်ရာခြစ်ရာ ဗလပွ ကြဲလို့။
မောလွန်းလို့ ထမင်းစားနားချိန်မှာတောင် ထမင်းကောင်းကောင်းစားမဝင်တော့တဲ့အဖြစ်ပါ။ တစ်ရေးလောက် တဲထဲ အိပ်ပေမယ့်  ကိုကြီး ဆိုင်ဟန်က နာရီဝက် သာ ပေးနားတာမို့
ကြာကြာအိပ်လို့ မရ။

တစ်နေကုန် ပြောင်းခင်းထဲ ပြောင်းချိုးလိုက်၊ ယားလို့ တစ်ယောက်တစ်လှည့် ကုတ်ခိုင်းလိုက်နှင့် နေလုံးကြီး ပျောက်ကွယ်သွားတဲ့ အထိ ပြောင်းခင်းထဲမှာ အနှီ ဖြူဖြူသေးသေးကောင်လေး နှစ်ယောက်က ကုန်းကုန်းကွကွနဲ့။

~~~~~

" ကလေး နှစ်ယောက် အလုပ်သိမ်းမယ် ! တဲ ဆီ ပြန်လာတော့ "

တဲ နားကနေ လှမ်းခေါ်သော ကိုကြီးဆိုင်ဟန်ကြောင့် ပြောင်းခင်းထဲက လမင်းတို့ နှစ်ယောက်မျက်နှာမှာ လမင်း ဆယ်စင်းလောက် ထိန်လင်း သွားရသလို။

ဒီလို‌ေပြာမဲ့ အသံကြားချင်နေတာ ကြာပြီ။ ဒီအချိန်ကို စောင့်နေတာ ကြာပြီ။ နေလုံးကြီး ခေါင်းပေါ်မှာ မရှိတော့တဲ့ အချိန်ကတည်းက အိမ်ပြန်ဖို့ တာဆူနေတာ။

တဲနားရောက်မှ ဟန်လျှမ်းက ဆောင်းထားတဲ့ ဝါးခမောက်ကြီး ချွတ်ကာ ယပ်ခပ်ရင်း အကိုဖြစ်သူကို မျက်စောင်းတထိုးထိုးနဲ့ ပွစိပွစိ ထိုင်ရွတ်တော့သည်။

"ကိုကြီး  ခေါ်များခေါ်ပါ့မလား စောင့်နေတာ ဒီထပ်ကြာရင် ညီလေးတို့ ထမင်းချိုင်း ဆွဲပြီး ပြန်တော့မလို့ "

"နေ့စားခ မယူ‌ပဲ ပြန်တော့မလို့ပေါ့ ညီလေး တို့က!"

"နေ့စားခ က အိမ်ရောက်မှ တောင်းလည်း ဖြစ်တာပဲကို ..."

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now