49

3.9K 172 1
                                    

...............

ခန့်စေ  Lover seatမှာ မှုန်ကုတ်ကုတ် ရုပ်ကလေးနှင့်  နားကြပ်လေး တပ်ကာ လိုက်ပါလာသော အသေးလေးအား
ကားမောင်းနေရင်းမှ လှည့်ကြည့်လိုက်တိုင်း လူကို အဖက်မလုပ်။
မနေ့ညနေက ကိစ္စကြောင့် လူကို သူ စိတ်ဆိုးနေပါသည်ပေါ့။
ကြည့်ရတာ စိတ်ဆိုးနေသည်ထပ် သူ့ လမင်းလေး အရှက်မပြေသေးတာ။

တစ်ကယ်တမ်း ရှက်ရမှာ ကိုယ်မဟုတ်ပေဘူးလား။ မနေ့ကလည်း
ကိုယ့်ပစ္စည်းကို မထင်မှတ်ပဲ မြင်လိုက်ရလို့  အရှက်လွန်ပြီး
ကုတင်ပေါ် ငုတ်တုတ်ထိုင်ကာ မျက်လုံးစုံမှိတ်ပြီး နှင်ထုတ်လွန်းလို့
ဆိုဖာပေါ်မှာ ဆင်းအိပ်ပေးရသည်အထိ။

ရှေ့လျှောက်အတူတူသာ ဘဝကို ရှေ့ဆက်ရရင် ဒီကကောင်ဟာ
အစာရေဆာ ပြတ်လပ်နေရအုန်းမည် ထင်ပါရဲ့။ ဘယ်လိုလုပ်ရပါ့မလဲ။ တစ်ညလုံး တစ်မနက်လုံး စကားမပြောတာ
အခုဆို မနက်ကတည်းက သူ့ သူငယ်ချင်းကို ခေါ်ပြီး မိုင်းနောင်ပြန်လာသည့် ခရီးစဉ်တစ်လျှောက်လုံးပါပဲ။
မနက်ကတည်းက ရန်ကုန်ကထွက်လာသည်မို့ ညနေပိုင်းမှာ တောင်ကြီးကို ရောက်လာပေမယ့် အရှက်သည်းနေတဲ့ အသေးလေးက စကားမစသေး။ အနောက်ခန်းက စိုင်းဟန်လျှမ်းဟာလည်း အိပ်လာလိုက်တာများ ကုလားသေကုလားမော။ 

စိုင်းဟန်လျှမ်း သည် တောင်ကြီးမှာပင် တာဝန်ကျသည်မို့ သူနေသည့် အဆောင်ကို ပို့ဖို့ရာ နှိုးပြီး မေးရအုန်းမည်။
ဘေးက အသေးလေးကိုပဲ နှိုးခိုင်းရမည်မို့.......

" လမင်း "

"............"

နားကြပ်တပ်ထားကာ မှန်အပြင်ဘက် မျက်နှာမူထားသည်မို့
နားတွင် တပ်ထားသည့် နားကြပ်တစ်ဖက်အား ဖြုတ်ကာ ထပ်မံခေါ်လိုက်တော့ ခန့်စေထံ  ဒိုင်းကနဲ ပစ်သွင်းလာသည့်
မျက်စောင်းလှလှ။  ထို့အပြင် လူကို မျက်မှောင်ကုတ်ကာ ဘောက်ဆက်ဆက်ဖြင့် အမေးရှိလာ၏။

" ဘာလဲ! ဘာလို့ လာဖြုတ်တာလဲ! .."

" တောင်ကြီး ရောက်ပြီလေကွာ ...မင်း သူငယ်ချင်းကို လိုက်ပို့ရအုန်းမှာမို့  နှိုးခိုင်းမလို့ပါ"

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now