21

5.3K 249 0
                                    

🍃🍃🍃🍃

မကြာခင်မှာ နွေရာသီ ကျောင်းပိတ်ရက်ရှည်ကြီး ရောက်ဖို့ကလည်း သိပ်မလိုတော့ပါ။အတန်းတင် စာမေးပွဲကြီးမှာလည်း နီးလာပါပြီ။ ကျောင်းတွင်းစစ် စာမေးပွဲမေးခွန်းကိုသာ ဖြေဆိုရမည် ဖြစ်သော
လမင်း တို့ကတော့ အစိုးရစစ်မေးခွန်းကို ဖြေဆိုရမည့် အတန်းတွေထက် စာမေးပွဲရက်က ပိုစောပါသည်။  စာမေးပွဲရက် နီးလာပြီမို့ လမင်း စာကိုသာ တစိုက်မတ်မတ် လုပ်နေရသည်။
စာမေးပွဲရက် နီးလာတာနှင့် အမျှ အမေကလည်း လမင်းအား
အိမ်အလုပ်နှင့် ပတ်သတ်တာမှန်သမျှ ဘာမှ မခိုင်းတော့ပဲ
စာကိုသာ အသေအချာ  အာရုံစိုက်ခိုင်း၏။
လမင်းမှာ သူများတွေလို ကျူရှင်မယူနိုင်တာမို့ အဆပေါင်းများစွာ ပိုအာရုံစိုက်ခဲ့ရသည်။

နှစ်စကတည်းက စာကိုအသေအချာလုပ်လာသည့် အကျိုးကျေးဇူးကြောင့်ရော ဟန်လျှမ်းရဲ့ ကူညီမှုတွေကြောင့်ရော ယခု ဖြေဆိုမည့် နောက်ဆုံးစာမေးပွဲကြီးဟာ လမင်းအတွက်တော့ ထင်သလောက် ဖိအားများမနေတာတော့ အမှန်ပါ။

ကျောင်းပိတ်ရက်ဖြစ်တာမို့ လမင်း ခြံထဲက သပြေပင်အောက်ရှိ ခုံတန်းပေါ်တွင် အေးအေးဆေးဆေး သင်္ချာ လာတွက်နေမိသည်။
နွေဦးကာလ ရောက်ခါနီးမို့ လေရူးတွေဟာလည်း တသုန်သုန်။
သင်္ချာထိုင်တွက်နေရင်း စိတ်အစဉ်ဟာလည်း လေရူးတွေနှင့် ‌တစ်ခါတစ်ခါ ဝေ့နေသေးသည်။
အမေကအိမ်ထဲမှာပဲစာလုပ်ခိုင်းပေမယ့်လေကောင်းလေသန့်လေး
ရှူရင်း လွတ်လွတ်လပ်လပ် စာလုပ်ချင်တာမို့ ခြဲထဲ ဆင်းလုပ်တာဖြစ်ကြောင်း ဆင်‌ခြေ ပေးရသေးသည်။

****

လမင်း စာတွက်နေရင်း ညာဘက်လက်ကောက်ဝတ် တွင် ဝတ်ဆင်ထားသော အဆောင်ကြိုး အနီရောင်လေးဆီ အကြည့်ရောက်သွားတာမို့ ဘောပင်လေးချကာ ထို အဆောင်ကြိုးလေးတွင် သီကုံးထားသော ပုတီးလုံး အဖြူလေး၅လုံးအား ကိုင်ကာ ပြုံးလိုက်၏။
ဒီအဆောင်ကြိုးလေးက ခန့်စေထွဋ်နောင် ပေးထားတာ။
သီတင်းကျွတ် လပြည့်နေ့ ပွဲလည်ပြီး နောက်တစ်နေ့ မျက်နှာမှာ
အညိုအမည်းစွဲနေသော ဒဏ်ရာတချို့နဲ့ အိမ်ကို တစ်ယောက်ထဲ ရောက်လာတဲ့ ခန့်စေထွဋ်နောင်က  အိမ်မှာ တစ်ယောက်တည်း ရှိတဲ့
လမင်းကို အခု လမင်း ထိုင်နေတဲ့ သပြေပင်အောက်ကိုပဲ ခေါ်လာကာ ထိုလက်ပတ်လေးကို  လမင်း လက်မှာ ချည်ပေးခဲ့တာ။
အဲ့နေ့က သူ့စကားတွေနဲ့ အပြုအမူတွေဟာ အရမ်းထူးဆန်းတယ်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now