16

4.8K 268 5
                                    

လမင်းတို့ ပထမနှစ်ဝက်စာမေးပွဲ‌ဖြေပြီးလို့ပင် သီတင်းကျွတ်ကျောင်းပိတ်ရက်တောင် ၃ရက်မြောက်နေပါပြီ။
‌လမင်း ကတော့ ကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချချင်တာကြောင့်ကျောင်း၌ သင်ခန်းစာအသစ် မစရသေးသော မြန်မာစာ ကဗျာ၊ခက်ဆစ် များနှင့် ဘောဂဗေဒ အခန်းသစ်များကို ရသလောက် ကြိုတင် ကျက်ထားနှင့်လိုက်၏။
ကျန်သောအချိန်များကို အမေနှင့်အတူ အိမ်နောက် စိုက်ပျိုးခင်းလေးအား ဝိုင်းကူလုပ်ပေးရင်းသာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးစေသည် ။

သည်နေ့မနက်မှာ‌ေတာ့ ဝရံတာ ၌  အမေနှင့်အတူဖောက်သည်လာယူမည့် ကန်စွန်းရွက်များအား အစီးလိုက် သပ်သပ်ရပ်ရပ်စီးနေခြင်း ဖြစ်၏။
အမေကတော့ လမင်း ဗိုက်အောင့်သည့်ကိစ္စဖြစ်ပြီးကတည်းက အိမ်သို့ အလာနည်းသွားသော ခန့်စေထွဋ်နောင်တို့ လေးဦးအား အမြဲလို
သတိရကြောင်းနှင့် လမင်းအား အရင်လို အခေါ်အပြော ရှိပါသေးရဲ့လား ဆိုတာကို စိုးရိမ်ကာ မေးလာပါသည်။
ခန့်စေထွဋ်နောင်နဲ့ကလွဲရင် သန့်စင်ထွန်း၊ ဝဏ္ဏဦး နှင့် စိုင်းတွမ်ခမ်းနဲ့ကတော့ အရင်လို ပုံမှန်အတိုင်းသာ ပြောဖြစ်ပါသည်။
လမင်းဘက်က မပြောရင်တောင် သူတို့က တွေ့တဲ့နေရာကနေ လှမ်းနှုတ်ဆက်တာမျိုး စကားလာပြောတာမျိုးရှိပါ၏  ။ အကွာအဝေး တော်တော်လှမ်းနေရင်တောင် ပြုံးပြကာ နှုတ်ဆက်တက်ကြပါသည်။ 

" သား..  သားသူငယ်ချင်းတွေ အိမ်မလာတာ ကြာပြီနော် "

" ဟင်! ဟုတ် သူတို့ လာလည်မယ် ပြောထားတယ် အမေရဲ့
အစိုးရစစ်ဖြေရမယ့် အတန်းလဲဖြစ်နေတော့ အချိန်ပိုက ပျက်မရဘူးလေ"

"ဪ ....  သူတို့နဲ့သား အဆင်ပြေကြရဲ့လား "

"ပြေပါတယ် သားကို သူတို့ဟိုကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ မပြောကြပါဘူး ပုံမှန်ပဲ ခေါ်ပြောကြတယ် အမေ စိတ်မပူနဲ့ "


"အေးပါကွယ် အဲ့ကလေးလေးတွေကို အမေ သတိရလို့ပါ "

~~~~~~~~~~~

****ကျွီ***

ဆိုင်ကယ်သံကြားသည်မို့ လမင်း အိမ်အပြင် အား ထွက်ကြည့်ရာ ခြံထဲဝင်လာသော သန့်စင်ထွန်း တို့ သုံးယောက်ကြောင့် ဝရံတာမှနေ၍ ပြုံးပြကာ လက်ကလေး ဝေ့ရမ်း ကာ ခေါ်လိုက်၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now