48

3.9K 183 10
                                    

..................

ခန့်စေ ‌လေဆိပ်ကနေ လမင်းကိုခေါ်ကာ ဒယ်ဒီ့ကို သွားတွေ့ခဲ့ပြီး
Hotel မှာ တည်းရန်သာ ထွက်လာခဲ့ခြင်း။
လမင်းဟာ ကိုယ်ထင်ထားသလောက် ဒယ်ဒီနှင့် စိမ်းမနေပါ။
ကိုယ်မသိလိုက်ချိန် ဘယ်ကတည်းက ဖေဖေဟု ပါးစပ်ကနေမချရလောက်အောင်အထိ ရင်းနှီးနေနှင့်မှန်းမသိရပါ။
ကိုယ့်အဖေ ကိုယ်တိုင်ကိုက သားလမင်းလေး ဆိုတာနှင့် သည်းသည်းလှုပ်။  ‌ဒါလည်း ကောင်းတာပါပဲ။ ကိုယ့်မိဘနဲ့ ကိုယ့်ချစ်သူ အဆင်ပြေပြေရှိနေတာ စိတ်ချမ်းသာစရာပါပဲ။

ခန့်စေ ဒယ်ဒီ့အိမ်မှာ တည်းဖို့အဆင်ပြေပါရက်နှင့် Hotel ကိုသာ
ထွက်လာခဲ့သည်ကိုလည်း ဒယ်ဒီက မတားပါ။

သူ့သားနှင့် သူ့အမျိုးသမီး ဆက်ဆံရေးက အခုချိန်ထိ မကောင်းသေးတာမို့။ သားဖြစ်သူစိတ်တိုင်းကျသာ ။
လမင်းဟာလည်း ခန့်စေ လက်ဆွဲခေါ်သမျှ အနောက် တကောက်ကောက်နှင့်သာ မငြီးမငြူ လိုက်၏။

~~~~

ကျွီ~~~

တံခါးပွင့်သွားသည် ဆိုယုံနှင့်ပဲ ခန့်စေလက်ထဲက လမင်းလက်ကလေးဟာ ရုန်းထွက်သွားပြီး ခန့်စေကို ကျော်ကာ
မှန်ဖြင့်သာ ကာရံထားသော နေရာစီ ပြေးသွား၏။ ပါးစပ်မှလည်း အံ့ဩမှုတမ်းခြင်းတွေ အစုံ။

" ဝိုး~~~~ ဒီအပေါ်က ကြည့်လို့လား မသိဘူး ရန်ကုန်မြို့က လှသားပဲ "

မှန်နံရံအား လက်ကလေးထောက်ကာ တပြုံးပြုံးနှင့် ကလေးလေးအတိုင်း ခြေဖျားထောက်ကာ ကြည့်နေသော အသေးလေးမှာ ပါးတခြမ်းဟာ မှန်နဲ့ ဖိမိနေသည်အထိ။

မိုင်းနောင်ကနေ ကျောပိုးအိတ်တစ်လုံးနဲ့
ရန်ကုန်တက်လာသည်မို့  ကျောပိုးအိတ်လေးလွယ်ထားတဲ့ အသေးလေးက ခန့်စေ မျက်လုံးထဲ ဘယ်အချိန်ကြည့်ကြည့် ချစ်ဖို့ကောင်းလွန်းနေ၏။ ချစ်တဲ့ စိတ်ကြောင့် မျက်လုံးထဲ ပိုသာလာတာပဲ ရှိမည်။ လျော့သွားဖို့တော့ မရှိ။

အခုလည်း လက်ဖဝါးနှစ်ဖက်ထဲ မျက်နှာလေးထည့်ကာ မှန်အားပွတ်တိုက်၍ အဝေးကြည့်မှန်ပြောင်း ကြည့်နည်း ကြည့်နေတဲ့ အသေးလေးကြောင့် မချွတ်သေးပဲ လွယ်ထားသည့် ကျောပိုးအိတ်အား ခန့်စေကပဲ ချွတ်ပေးဖို့ အနားကို သွားရ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now