35

4.1K 206 15
                                    


☘️.      

မြန်မာ့နှစ်သစ်ကူး၏ နှစ်ဆန်း (၂)ရက်နေ့။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းမှ လွဲ၍ ကျန် အတန်းများ၏ အောင်စာရင်းများထွက်သည့်နေ့ဖြစ်တာမို့  နံနက် (၆)နာရီမှ အောင်စာရင်းကပ်မည်ကို သိသော်လည်း  ဂနာမငြိမ်ဖြစ်ပြီး
သွားမည် တကဲကဲ ဖြစ်နေသူဟာ စိုင်းဟန်လျှမ်း။

အောင်မှာကို သိသိရက်နဲ့ လမင်း အိမ်အထိ ည လာအိပ်ပြီး မနက်စောစော အောင်စာရင်း အစောဆုံး ထကြည့်မည် ဆိုကာ
၅နာရီခွဲကတည်းက လမင်းကိုပါ ကောင်းကောင်း အိပ်မရအောင် မျက်နှာ ထသစ်ခိုင်းကာ အဆင်သင့်ပြင်ခိုင်းထားသည်မို့  လမင်းမှာ
အိမ်ရှေ့ဝရံတာလေးနားမှာ ငူငူငိုင်ငိုင်လေးနှင့် ။

စိုင်းဟန်လျှမ်းတို့က ဘယ်အချိန်မှာ ဘယ်လိုများ သန့်စင်ထွန်းနားက ဖုန်းနံပါတ်တောင်းထားသည် မသိ။
ခြေဆောင့်ခါးထောက် နှင့် စောစောစီးစီး ဖုန်းဆက်ပြီး ခေါ်နေပါပြီ။
ဟန်လျှမ်းကို ကြည့်ရင်း လမင်း စိတ်ထဲမှာ ပြောမိသည်က...

* ချစ်သူတွေ မဟုတ်လို့သာပဲ ငါ့ထပ်တောင် ဘဲနိုင်မယ့် ရုပ်*

ဖုန်းပြောပြီးသည်နှင့် လမင်းထိုင်နေသည့်အနား ရောက်လာသည်မို့..

" အိုက်လျှမ်း စောစောစီးစီး ဘာတွေ သွားရစ်နေပြန်ပြီလဲ "

" မရစ်ရပါဘူး အောင်စာရင်း သွားကြည့်မှာမို့ ၅မိနစ်အတွင်း
  အိပ်ယာက ထပြီး လာခေါ်ဖို့ပဲ ပြောတာ "

" သူများတကာ ကို သပ်သပ် အိပ်ရေးပျက်အောင် ကိုယ့်ဘာသာ
    သွားကြည့်လည်း ရတယ်  "

"  မင်းက မင်းရဲ့ မောင် ကို မပြောထားဘူးလား ညက ဖုန်းအကြာကြီး ပြောနေပြီးတော့ "

" ဟင့်အင်း မပြောထားဘူး "

" ငတုံး ! ဂွင်ကို မဖန်တတ်ဘူး "

နားထင်နားလေးကို လက်ညိုးနဲ့ တွန်းထိုးကာ ငတုံး ဟု ဆိုလာတဲ့ ဟန်လျှမ်းကြောင့် လမင်းမှာ တစ်ကယ်ကို အူကြောင်ကြာင်လေး။

လမင်းနဲ့ ဟန်လျှမ်း ဝရံတာ နား၌ ထိုင်ကာ စကားပြောနေတုန်း
ခြံရှေ့မှာ ရပ်လာတဲ့ ဆိုင်ကယ်နှစ်စီး။  ဆိုင်ကယ်သံကြားကတည်းက ခေါင်းထောင်နေတဲ့ အိုက်လျှမ်းက ဆိုင်ကယ်ရပ်သံကြားသည်နှင့် ဘေးနားကနေ ထပြေးသွားနှင့်နေပြီ။ လမင်းမှာ အမေ့အား ကျောင်းသို့သွားတော့မည့်အကြောင်း အသိပေးပြီးခါမှ ခြံထဲ ဆင်းလာခဲ့လိုက်သည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now