53 -1. (final)

4.4K 143 0
                                    

.......................

မြို့အပြင်ဘက် ရှိ အုံ့ဆိုင်းနေသော တောအုပ်ငယ် ။
သစ်ပင်ကြီးရယ်လို့ များများစားစားမရှိပေမယ့်ပေါ့ ။

ရေမြေသဘာဝ အရ ပေါက်ရောက်တဲ့ နေကြာရိုင်းနှင့် တခြားသော သစ်ပင်ခြုံနွယ်တွေကြား တိုးဝှေ့ ကာ လျှောက်လှမ်းလာကြသော
လူငယ်နှစ်ယောက်။  နှစ်ဦးလုံး၏ လက်ထဲ ပန်းစည်းနှင့် ဆေးပုံးတို့ကို ကိုင်ဆောင်လျှက်။

~~~~~~~~~~~~~

အအေးပိုင်း ဒေသဖြစ်သလို ဆောင်းရာသီအချိန်မို့ လမင်း လက်တို့ အေးခဲနေသည့်ကြားမှ  အမေ့အတွက် ကိုယ်တိုင် စိုက်ပျိုးထားသော
အမေ့အကြိုက် သုံးဖန်လှ ( အပန်း/အနီ/အဝါရောင်ပါသော)နှင်းဆီအား ကိုင်ဆောင်ကာ အားနေတဲ့ လက်တစ်ဖက်ကလည်း မောင့် လက်နွေးနွေးကို ဆုပ်ကိုင်ကာ
အမေ့အုတ်ဂူ ရှိရာဆီ ။

လမင်းရဲ့ သဘောဆန္ဒ အရ လက်ထပ်ပွဲကို ကြီးကျယ်ခမ်းနားစွာ လုပ်ဆောင်တာမျိုး မဟုတ်ပဲ  မင်္ဂလာဆွမ်းကျွေး သဘောဖြင့်သာ အကျဉ်းချုန်းလုပ်ပြီး မြို့အတွင်းရှိ မိဘမဲ့ဂေဟာ၌သာ လှူဒါန်းမှု ပြုချင်တာကြောင့်  အစပိုင်း၌ မောင့်အဖေနှင့် ဦးလေး ဖြစ်သူမှာ အင်တင်တင်။ သားဖြစ်သူ ကိုယ်တိုင်က လမင်းသဘော ချည်းသာ နှုတ်တိုက်ရွတ်နေသည်မို့  မင်္ဂလာ ဆွမ်းကျွေးဖြင့်သာ ပြုလုပ်ရန် ဖြစ်လာ၏။

~~~~~~

ကားလမ်းနဘေးရှိ မြေနီ လမ်းအတိုင်း ဝင်လာရာ သုသာန် ဖြစ်ပါသော်လည်း ထိုမြေနီလမ်းဘေးတစ်လျှောက် နေကြာရိုင်းများဖြင့် ကာရံထားပြီး ရှေးကတည်းက တည်ရှိခဲ့သော
အုတ်ဂူ ၊အကျိုးအပဲ့ ၊ ဇရပ်ပျက် များက လမင်းတို့ လာရာ သုသာန်၏ မြင်ကွင်း အစမို့ ထိုအရာများကို ကျော်ဖြတ်ကာ
သစ်ပင်သစ်ကိုင်းခြောက်တို့ အကြားမှ တခြားသော ဂူအသစ်တွေကြား ရှောင်ဖယ်ရင်း နောက်ဆုံး အမေ ထာဝရအေးချမ်းစွာ အနားယူနေသော အုတ်ဂူလေးဆီ ရောက်လာကြ၏။  ၅နှစ်ကြာ သက်တမ်းရှိပြီမို့ အမေ့အုတ်ဂူဟာ
ဆေးရောင်တို့ပြယ်ကာ ဟောင်းနွမ်းနေပြီဖြစ်၏။ ဖုန်အလိမ့်လိမ့်ဖြင့် နာမည်တောင် ဝါးဝါးလေးသာ မြင်ရတော့တာမို့
လာကတည်းက ယူလာသော တံမြက်စည်း အသေးစားလေးဖြင့်
အမေ့အုတ်ဂူပေါ်မှ အမှိုက်သရိုက်များနှင့် မြေနီမှုန့်များ လမင်း ဖယ်ရှားပေးနေမိသလို မောင်ဟာလည်း အမေ့အုတ်ဂူအတွက် ဆေးစပ်နေပြီမို့ နှစ်ဦးသား စကားမဆိုမိပဲ တိတ်ဆိတ်စွာ ကိုယ်စီ
အလုပ်ကို အာရုံစိုက်နေမိ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now