12

5.1K 272 1
                                    

ဝဏ္ဏဦး ကျောင်းဆောင်အပေါ်ထပ် ဘုရားခန်း၌ ပွဲတွင်အသုံးပြုထားသော ကော်ဇောများကို ဆယ်တန်းအကို များနှင့် ပြန်ပို့နေခိုက် အပေါ်ထပ်မှ လှမ်းမြင်လိုက်ရသော ကျောင်းအပေါက်ဝက ကျောပြင်သေးလေး နှစ်ခု။ သေချာကြည့်လျှင် ရပ်စောင့်နေတာမျိုး မဟုတ်ပါဘဲ တရွေ့ရွေ့နှင့် လမ်းမဆီချိုးကွေ့သွားတာမို့ မျက်မှောင်ကြုံ့မိ၏။ကျောင်းအဝင်ပေါက်နှင့် နှစ်ထပ်ဆောင်ကျောင်းဆောင်ကြီးအကွာအဝေးမှ ဝေးသည်ဆိုရပါသော်လည်းမြင်လိုက်ရတဲ့ကျောပြင်နှစ်ခုဟာ

အကိုလမင်းနဲ့ သူ့သူငယ်ချင်းဆိုတာ အသေအချာပင်။ အကိုလမင်းက ပြန်လိုက်ပို့ပါမယ်ပြောထားတာကို ငြင်းပေမယ့်
အိမ်ပြန်လမ်းကလည်း ဝေးသလို ကျောင်းကိစ္စကြောင့်ပင်ပန်းနေမှာဆိုးလို့ လိုက်ပို့ပေးမယ်ပြောတာဟာ စေတနာ သန့်သန့်ပါ။
ခန့်စေထွဋ်နောင်ကြောင့် သူတို့ကိုပါ ရှောင်နေတာကြီးကတော့ မဖြစ်သင့်ဘူးမလား။

ကျောင်းဆောင် အောက်ထပ်ကို အမြန်ဆင်းကာ သန့်စင်ထွန်းအား ခေါ်၍ ကိုလမင်းတို့အနောက်လိုက်ဖို့ ပြင်နေစဉ်

"မင်းတို့က ဘယ်သွားဖို့လဲ"

"အပေါ်ရွာ သွားမလို့"

"ဘာသွားလုပ်မှာလဲ"

ဝဏ္ဏ ကိုယ့်ကို မျက်မှောင်ကြုံ့ကာ ပလိပ်စစ်မေးနည်း မေးနေသော
ခန့်စေကြောင့် သွားမည့်ကိစ္စကို ပြောပြကာ ထွက်မည်ဆိုပြန်တော့လဲ ပြန်ပြောပုံက ရိုက်ပေါက်။

" အကိုလမင်းတို့ကို ပြန်လိုက်ပို့မလို့
‌ စောင့်ခိုင်းထားတာကို အကိုလမင်းတို့က ပြန်သွားလို့"

" မစောင့်ချင်လို့ ပြန်သွားတဲ့သူကို ဘာလို့ လိုက်ပို့ချင်နေတာလဲ"

" ငါတို့ လိုက်ပို့ချင်လို့လေ မင်းလိုက်ပို့နေရလို့လား လာ!သွားမယ် သန့်ကြီး ဟိုကောင် အိုက်တွမ် လိုက်မှာလား"

"အေ့ လိုက်မယ် "

"မင်းတို့က ငါ့ကို ဘာစောက်ချိုးတွေ ချိုးနေတာလဲ "

" မင်း အကိုလမင်းကို တောင်းပန်ဖို့နေနေသာသာ ရှောင်နေတာမလား ရှောင်လက်စနဲ့ ဆက်ရှောင်နေလိုက်လေ
ငါတို့လဲ လိုက်ပို့ရင်း အန်တီချို ဆီ ဝင်လည်မလို့"

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now