51

3.6K 169 4
                                    

...........

လမင်းက သာသာ လေညှင်း က တသွဲ့သွဲ့ နှင့် ပတ်ဝန်းကျင်တခွင်
တောပုရစ်ငယ်တို့၏ တပီပီ အော်သံသာ ရှိပြီး တိတ်ဆိတ်လွန်းနေပြီဖြစ်သော ည သန်းခေါင်ယံ အချိန်။

အိပ်ခန်းပြတင်းပေါက်လေးအား အလှ ကာရံ တပ်ဆင်ထားသော ခန်းစည်းစ လေးဟာလည်း လေထဲ လွှင့်ကာ ယိမ်းနေပြန်၏။

အခန်းမီးရောင် မရှိတော့ပါပဲ စားပွဲတင် မီးအိမ်ငယ်လေးသာ လင်းနေသော အခန်း၏ စားပွဲထက်၌ စာရွက်များဖြင့် အလုပ်ရှုပ်နေရှာသော ကောင်လေးတစ်ယောက် ။
စားပွဲ၏ ဘေးတွင် ကပ်လျက်ရှိသော ကုတင်ထက်၌ သွားရည်များ ကျသည်အထိ ပါးစပ်ကို ဟပြဲကြီး လုပ်ကာ အားပါးတရ အိပ်ပျော်နေသော သူငယ်ချင်းဖြစ်သူ။

~~~~

လမင်း ဘော်ဒါက ကလေးတွေ၏ ပထမနှစ်ဝက် စာမေးပွဲ စစ်ဆေးထားသည့် အဖြေလွှာများအား အပြီးအစီး စစ်နေခြင်းဖြစ်၏။ ကိုယ်တိုင် ဆရာဘဝရောက်မှ ဆရာတွေ၏ ဖြစ်အင်ကို နားလည်ရ၏။
ထိုဖြစ်အင်တွေအထဲ အဖြေလွှာတွေ စစ်ရင်း ခေါင်းကိုက်ကာ လည်ထွက်သွားရသော ခံစားချက် ပါ အစစ်ပါ၏။
မှတ်ချက် ချမိတာဟာ တချို့ကလေးတွေကို ပိုအားစိုက်ပေးရအုန်းမယ် ဆိုတာပါပဲ။ 

အဖြေလွှာ တွေ အကုန် စစ်ပြီးသည့် အချိန်  နာရီကြည့်မိရာ
နာရီလက်တံ မှာ ည ၁၂နာရီခွဲကို ညွှန်ပြနေပြီမို့ ပြတင်းပေါက်အားပိတ်ကာ အဖြေလွှာများနှင့် စာရွက်များကို သေချာစီရီကာ အညောင်းအညာပြေ အကျော့ဆန့်၊ ခါးဆန့် လုပ်နေတုန်း~~~~~

"ငေါ့!....ငွက် ! ငွက် ! ငေါ့!!.....အွန်း~~~~ဗျင်း! ဗျင်း!..."

"အဟင်း~~~"

ကုတင်ပေါ်တွင် ခြေကားယားလက်ကားယား အိပ်နေသော
စိုင်းဟန်လျှမ်း ထံမှ  ဟောက်သံသည် ကျယ်လောင်စွာ လာပြီး
ဖင်ကို တဗျင်းဗျင်း ကုတ်ကာ ပြန်အိပ်သွားသည်ကို ကြည့်ရင်း
လမင်း ရယ်မိ၏။  ဒီလောက်အေးတာကို စိုင်းဟန်လျှမ်းတို့က စောင် ကို ကန်ချထားသေးတာ။

ဆေးရုံတွင် ဂျူတီနားရက်မို့  လာအိပ်သည် တဲ့လေ။

ထူးထူးဆန်းဆန်း ။ အရင်ကများ ဂျူတီနားရက် ဆိုတာနဲ့
သူ့ ရည်းစား ဒေါက်တာ သန့်စင်ထွန်းနားကနေ မခွာတဲ့ ဟန်လျှမ်းက ဒီနေ့မှ  လမင်းအိမ်ကို အိတ်တစ်အိတ်နဲ့ ရောက်ချလာကာ လုပ်ချင်တာလုပ် စားချင်တာစားပြီး အိပ်နေပါပြီးတဲ့။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now