30 (ZawGyi)

1.4K 27 0
                                    

န်းကောင်ရေတံခွန်ကို ခန့်စေတို့ အရင်ရောက်နှင့်ကြပေမယ့်လို့
ဒီရေတံခွန်မှာ ရေနစ်ဖူးသည့် လမင်းကတော့ ရေဆော့ဖို့ ကိစ္စကို တုပ်တုပ်မျှ မလှုပ်။ ရေနှင့် အနည်းငယ်အလှမ်းဝေးလှသည့်
သစ်ရိပ်သစ်ပင်ကြီးများအောက်မှာ ငုတ်တုတ်လေးထိုင်ကာ ရေတံခွန်၌ ရေလာဆော့ကာ ပျော်ပါးနေကြသော လူအများအားကြည့်ကာ ပြုံးရွှင်လို့။

ကလေးလူကြီးမရွေး နေရာအနှံ့ ဆော့ကစားနေကြပြီး ရေတံခွန် ထိပ်၌ သမီးရည်းစား အတွဲတချို့။

လမင်း ရေဆော့ကစားနေသော လူများအား ထိုင်လျက်နှင့် ပတ်ကြည့်နေမိပြီး သိပ်မကြာလိုက်ပါ ဆူပုတ်ကာ လမင်းအနားရောက်လာသော ဟန်လျှမ်း။

အနားရောက်တာနှင့် ဖိနပ်ချွတ်ကာ လမင်း၏ ဘေးမှာ ခုထိုင်ရင်း
ဆိုလာ၏။ သေချာတာကတော့ အတောမသတ်နိုင်သေးတဲ့ ဟန်လျှမ်းရဲ့ ပွစိရွတ်ခြင်း။

" အကျင့်ကိုက တစ်စက်ကလေးမှ မကောင်းတဲ့ကောင် .."

"........."

"ချော့တာလည်း ငြင်သာမှု ကို မရှိဘူး! "

"........."

"ကြည့်ထား စကားမပြောဘူး အပြန်လည်း ဒင်း နဲ့ မပြန်ဘူး!"

ဘေးနားက တစ်ယောက်ကို လမင်း တစ်ကယ်ပင် နားမလည်နိုင်တော့တာမို့ မေးလိုက်၏။

" အိုက်လျှမ်း မင်း မပြီးနိုင်မစီးနိုင်နဲ့ မဟုတ်မှ သန့်စင်ထွန်းကို
သဘောကျနေတာလား "

" သေလေ သေလိုက်လေ ဒီလောက် မတည့်တာကို မြင်ရဲ့သားနဲ့ မေးနေတာ မင်း ရူးနေလား အိုက်လမင်းသာ "

"ရူးနေတာက မင်းပါနော် သူ့နာမည်၊ သူ့အကြောင်း မပါရင် မပြီးဘူး မင်းက သူနဲ့ကြိုက်နေတာလည်း မဟုတ်ပဲနဲ့ စိတ်ပဲကောက်နေတာ "

"မင်း!..ငါ့ဘက် မပါပဲ သူ့ဘက်ပါနေတာလား အိုက်လမင်းသာ
ရေထဲ ကန်ချလိုက်မှာနော် !"

"လုပ်ရဲလုပ်ကြည့် ငါ မင်းကို မောင်နဲ့ တိုင်ပြောမှာ ...."

" အင်းပေါ့! အားကိုး ရှိတော့ အဖြေမပေးရသေးလည်း
  မောင် နိုင်တာပေါ့ မင်းကိုလည်း ကြည့်မရဘူး သိလား "

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now