33

4.7K 233 13
                                    


.............

အိမ်တစ်အိမ်၏ ကြီးမားကျယ်ပြန့်ကာ ခမ်းနားလှသော ဧည့်ခန်းတွင်နေကြသော ယောကျာ်းသား ၃ဦး။ 

ခန့်စေ အိမ်ပြန်ရောက်ကတည်းက အဝတ်အစားလဲပြီး ဧည့်ခန်းထဲမှာ ဝင်ပြီး ထိုင်နေတာ အတော်ကိုကြာပါပြီ။

လေးလေးကလည်း ဒယ်ဒီ ရောက်လာတာမို့ အခါရက်လည်း ဖြစ်တာမို့ ဆိုင်မသွားဘဲ အိမ်မှာသာ ရှိနေ၏။

ဒယ်ဒီက လည်တော့ လည်သား။ သူ့ နောက်အိမ်ထောင်က ဇနီးနှင့်
သားဖြစ်သူ ကို အလည်သဘောနဲ့တောင် ခေါ်မလာခဲ့ပါ။ ဒီက သားဖြစ်သူ ခန့်စေထွဋ်နောင် အကြောင်း သိသူ ပီပီ တစ်ဦးတည်းသာ ခရီးဆန့်လာခဲ့ပုံ။ လုပ်ငန်းတစ်ခုကို ဦးစီးဦးဆောင်
ပြုလုပ်နေရတဲ့ စီးပွားရေးသမားမို့ အလုပ်ဟာ ဇယ်ဆက်သလို များပြားလှသည်။ အားလပ်ရက်ကို ဖဲ့ယူကာ ဒီက သားဖြစ်သူဆီ
တကူးတက လာရောက်ပေးလို့ ကျေးဇူးပင် တင်ရမလိုလို။

ခန့်စေ အဖေဖြစ်သူနဲ့ ငယ်ငယ်ကတည်း အနေဝေးတာမို့ လက်ပွန်းတတီး ဖြစ်လွန်းတဲ့ သားအဖ ဆက်ဆံရေး ဆိုတာမျိုး မရှိရင်တောင် အဝေးကနေ အရိပ်တကြည့်ကြည့်နဲ့ အမြဲချစ်ပေးနေတယ်ဆိုတာ ခံစားလို့ရပါသည်။ သို့သော် နောက်အိမ်ထောင် ပြုသွားကတည်းက အဖေဖြစ်သူနား ကပ်တာမျိုး မရှိတော့။ အမေဖြစ်သူ နေရာ၌ ဝင်ရောက်လာသော
ယခု အဖေဖြစ်သူ၏ ဇနီးကိုလည်း ဘယ်ပုံ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် လက်ခံပေးလို့ကိုမရ။

အမေဖြစ်သူ မရှိတော့စဉ်ကတည်းက အဖေဖြစ်သူနားသာ အမြဲတမ်း ကပ်ကာ ပျော်ပျော်နေတတ်တဲ့ ခန့်စေ အမူအကျင့်တွေ
အဖေဖြစ်သူ နောက်အိမ်ထောင်ပြုလိုက်ပြီးနောက်ပိုင်း အေးတိအေးစက် ဖြစ်လာသလို အဖေဖြစ်သူ၏ နောက်ဇနီး၌ ကိုယ်ဝန်လွယ်ကာ သားယောကျာ်းလေး မွေးလာပြီးနောက်ပိုင်း
ပြန်မပြော နားမထောင် လုပ်ချင်ရာလုပ်ပြီး ဂျစ်ကန်ကန်နဲ့ ဆိုးသွမ်းလာတဲ့ ကောင်လေးအသွင် ပြောင်းလဲလာသည်။
7နှစ်သားအရွယ်နဲ့ ကျောင်းခိုးပြေးတတ်ကာ ကစားကွင်း၌သာ သွား၍ထိုင်နေတတ်သော ခန့်စေကြောင့် ဦးလေးဖြစ်သူမှာ မနေသာတော့ပဲ သူနှင့်အတူသာ နေထိုင်စေတော့တာဖြစ်သည်။
သို့သော် ခန့်စေမှာ ဆိုးချင်သလိုသာ ဆိုးမယ် ပညာရေးကို အထိအခိုက်မခံပဲ ပညာရေးဘက်မှာ လှည့်ကြည့်စရာမလိုတာမို့
အနီးကပ်အုပ်ထိန်းပေးနေတဲ့ ဦးလေး ဖြစ်သူမှာလည်း အလိုလိုက်ထားရသည်။ အကြိုက် ဆိုးခွင့်ပြုထားသည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now