47

4.6K 221 16
                                    


......

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်။

လူမျိုး အစုံ ဝင်ထွက်သွားလာနေသော လေဆိပ်အတွင်းရှိ ခရီးသည် ကြိုသော နေရာ၌ ဆိုင်းဘုတ်လေးနှစ်ခုကိုင်ကာ ရောက်နေသော
23နှစ်အရွယ် ကောင်လေး နှစ်ယောက် ။

~~~~

" အိုက်လမင်းသာ .မင်းရဲ့ လူက ဒီနေ့ ရောက်မှာရော ဟုတ်ရဲ့လား "

" ဟုတ်ပါတယ်ဆို "

" ငါတို့ရှေ့က ဆိုက်သွားတဲ့ လေယာဉ်ပဲ ဘယ်နှစင်း ရှိနေပြီလဲ မင်းလူက ပါကို ပါမလာသေးဘူး "

" နောက် လေယာဉ်နဲ့ နေမှာပေါ့ "

" ညလုံးပေါက် စောင့်နေရင်တောင် ရောက်လာပါ့မလား မသိဘူး! "



စိုင်းဟန်လျှမ်းမှာ လမင်းဘေးတွင် ဆိုင်းဘုတ်ကိုင်ကာ တစ်ယောက်တည်း ထိုင်လိုက်ထလိုက်နှင့် စိတ်မရှည်စွာ ပွစိရွတ်နေပြီ ဖြစ်၏။ 

တောင်ကြီး စဝ်စံထွန်း ဆေးရုံတွင် အလုပ်ဝင်နေပြီဖြစ်သော ဟန်လျှမ်းမှာ မိုင်းနောင်တွင် တစ်ယောက်တည်း ကျန်ခဲ့သော
လမင်းကို   မောင့်ကိုလာကြိုမည့် အရေး၊ ရန်ကုန်ကို တစ်ယောက်တည်း လည်လည်ဝယ်ဝယ် မသွားတတ်မလာတတ်သော  လမင်းအား စိတ်မချသည်မို့
ခွင့်ယူကာ  မိုင်းနောင်ထိ လာကြိုပေးပြီး ရန်ကုန်အထိပါ လမင်းနဲ့အတူ မောင့်ကို ကြိုပေးနေရခြင်း။

" မင်းလက်ထဲက ဆိုင်းဘုတ်ကြီး ကို ချထားလိုက်ပါတော့
   သူများတွေက မင်းဟာကြီး ကြည့်ပြီး ပြုံးစိစိနဲ့ "

"  မင်းပဲ ရေးပေးထားပြီးတော့ ! "

လမင်းမှာ ခရီးသည်လေယာဉ် တစ်ခါ ဆိုက်လို့  ခရီးသည်တွေ ကိုယ်ဆီထွက်လာတိုင်း ဟန်လျှမ်းရေးပေးထားသော ဆိုင်းဘုတ်ပြားအား မြှောက်ပြထားကာ မောင့်အားရှာရသည်မို့။
ဆိုင်းဘုတ်ပြားကို ရင်ဝယ် ကပ်ထားလိုက်၊ မြှောက်ထားလိုက်နှင့်
တစ်ယောက်တည်း မညောင်းနိုင် ၊ မပင်ပန်းနိုင်။ လမင်းမှာ ထိုင်တောင် မထိုင်နိုင်ပါ။ တစ်ခါမှ လေဆိပ်လို နေရာမျိုးကိုမရောက်ဖူးတာမို့ ခရီးသည်များ ထွက်လာမည့် အပေါက်ဝကိုလည်း မျက်နှာမလွှဲရဲ။ မောင်နဲ့ လွှဲသွားမည်ဟု အစိုးရိမ်လွန်နေခြင်းကြောင့် ဖြစ်သည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now