4

6.1K 308 5
                                    


.........

၆လပိုင်း ၁ရက် နေ့မို့ ဒီနေ့ဟာ ကျွန်တော့်ရဲ့ နဝမတန်း စာသင်နှစ်တစ်နှစ်ကို စတင်သည့်ရက်။

ကိုကြီးဆိုင်ဟန်မှ  သူ့ညီလေး ဟန်လျှမ်းနှင့် ကျွန်တော့်အတွက်ဆိုပြီး ကျောင်းယူနီဖောင်း၊ ဖိနပ်၊ လွယ်အိတ် စာအုပ် ကိရိယာ အပြည့်အစုံ ဝယ်ဆင်ပေးထားတာမို့
ကျောင်းဖွင့်စ ရက်လေးမှာ ကျွန်တော်ဟာ ခေါင်းအစ ခြေအဆုံး  အသစ်လေးများဖြင့် ။

ဒေသအသစ်၊ နေရာအသစ်၊ ကျောင်းအသစ်ကို အသစ် အသစ်တွေတွေနဲ့သာ စတင်စေချင်သည်ဟု ဆိုလာသော ကိုကြီးကြောင့် ကျေးဇူးတင်စကားသာ ထပ်ခါ ထပ်ခါ ဆိုနိုင်ပါတော့သည်။
ကျောင်းစတက်ရမယ့်နေ့မို့ အစောကြီးထကာ ရင်ခုန်မှုပေါင်းများစွာနဲ့  ပြင်ဆင်နေမိတာကြောင့် အမေက တပြုံးပြုံးနှင့် ကျောင်းကထွက်မပြေးပါဘူး သားရယ် လို့ ပြောရတဲ့အထိ။

အိုက်လျှမ်းကလဲ 7နာရီထိုးရင် လာခေါ်မယ် ကျောင်းမှာ ခုံကောင်းကောင်းလေးတွေနဲ့ ထိပ်ဆုံးနေရာ အရင်သွားဦးရမယ်
ဆိုတာကြောင့်လဲ စောစော ပြင်ဆင်ထားနှင့်ခြင်းဖြစ်၏။

~~~~~~~~

"အိုက်သာ!  အိုက်လမင်းသာ  !"

ထုံးစံအတိုင်း လူမမြင်ရသေးခင် အသံကြားနေပြီ။

စားပွဲပေါ်တင်ထားသော လွယ်အိတ်နှင့် ထမင်းချိုင့်အား အဆင်သင့် ယူလိုက်သည်။ ပြီးနောက်

"အေး ငါလာပြီ "

"‌အမေ သား‌ ‌ေကျာင်းသွားတော့မယ်နော်"

"မုန့်ဖိုး စာအုပ် အကုန်ပါပြီလားသား"

"ဟုတ် ပါပြီ အမေ "

"အေအေ သေချာသွားကြ အမေလိုက်မပို့တော့ဘူးနော် "

"ဟုတ် ရတယ် အမေ "

အမေ့အားနုတ်ဆက်လို့  အိမ်ထဲတောင်မဝင်နိုင်ပဲ ကျောင်းစိမ်းပုဆိုးအား ဖြန့်လိုက် ပြန်ဝတ်လိုက် လုပ်နေသော အိုက်လျှမ်းနား ပြေးရသေးသည်။  ကျောင်းက အပ်ပြီးသားမို့ အမေတို့အား လိုက်မပို့ခိုင်းချင်တော့ပါ။ အလုပ်ပိုနေမည် ဆိုးတာလဲပါသည်မို့ မပို့ခိုင်းတော့ပါ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now