28

4.6K 221 4
                                    


🍃🍃🍃

အတာသင်္ကြန် အကြိုနေ့ ရောက်ရန် အချိန်  နာရီပိုင်းအလို။
စံတော်ချိန် ည ၁၀နာရီ ၊၄၅ မိနစ်။

ခန့်စေ တစ်ယောက် အိပ်ယာပေါ် လှဲနေမိပါသော်လည်း အိပ်မပျော်နိုင်။  တစ်ခြား နယ်ဘက်တွေမှာတော့ မသိပေမယ့်
မိုင်းနောင် မြို့လေး၏ ဓလေ့မှာ အတာသင်္ကြန် အကြိုနေ့ မနက်ပိုင်းကို ဘုန်းကြီးကျောင်းအသီးသီး၌ ကုသိုလ်ယူကြပြီး
ညနေပိုင်းတွင် မဏ္ဌာပ်အသီးသီး၌ ရေ စတင်ဆော့ကစားကြ၏။

ချစ်ရသူ လမင်း အား အကြိုနေ့မှာ ဘယ်သူမှ ရေမလောင်းရသေးခင် သူသာလျှင် ဦးစွာ ရေလောင်းခွင့် ရချင်သူမို့
အိပ်ယာပေါ် လူးလိမ့်ကာ မချင့်မရဲဖြင့် စဉ်းစားနေမိသည်။
၉နာရီ ခွဲ အထိသာ ဖုန်းကိုင်ခွင့်ရှိသော လမင်းသည် အခုချိန်ဆို
အိပ်ပျော်နေလိမ့်မည်။  ဖုန်းကို ကိုင်လိုက် ချလိုက်နှင့် တစ်ယောက်တည်း ဆောက်တည်ရာမရ ဖြစ်နေရပြီ ။
အခုချိန် ဆက်ပြန်ရင်လည်း သူလေး အိပ်ရေးပျက်သွားမည်။ အစောတုန်းက ဆက်ချင်ပေမယ့်လည်း ခဏခဏ ဆက်နေလျှင် အဖြေမရသေးတာမို့ သူလေး ငြိုငြင်မှာလည်း ဆိုးရသည်။

မနက်စောစော ထသွားလိုက်ရင် ကောင်းမလား။ အကြိုနေ့ မို့ လမင်းတို့လည်း စောစော နိုးလောက်ပါရဲ့။  ဟုတ်တယ်......

ချက်ချင်းပင် ခန့်စေ အိပ်ယာပေါ်မှ ထကာ အဝတ်ဗီဒိုဆီ ဦးတည် သွားလိုက်သည်။အဝတ်ဗီဒိုအတွင်းမှတစ်ထည်ပြီးတစ်ထည်
ထုတ်ကြည့်ပြီး ကိုယ်လုံးပေါ် မှန်ရှေ့ပြေးပြေးကြည့်နေရတာ စိတ်ကြိုက်က တွေ့ကိုမတွေ့နိုင်။ကုတင်ပေါ်မှာလည်း စိတ်တိုင်းမကျလို့ ပစ်တင်ထားတဲ့ အင်္ကျီတွေနဲ့ ပုဆိုးတွေက အပုံလိုက်ဖြစ်နေပြီဖို့ နောက်ဆုံး  စတစ်ကော်လံ အင်္ကျီ ငွေရောင်နှင့်တွဲဝတ်နိုင်ရန် ခဲရောင်ပုဆိုး အားထုတ်ထားလိုက်သည်။

စိတ်တိုင်းကျပြီဆိုမှ ပုံထားတဲ့ အဝတ်တွေကို သပ်သပ်ရပ်ရပ်ပင် ဗီဒိုထဲ လုံးထွေးပြီး ပစ်ထည့်လိုက်တယ်။

ဖုန်း အား  5နာရီ Alarm ပေးထားကာ မနက်ဖြန်မနက် တစ်ယောက်တည်း လမင်း ဆီကို ချောချောမွေ့‌မွေ့ ရေလောင်းနိုင်ဖို့
အားဖြည့်တဲ့ အနေနဲ့ ခန့်စေ မျက်လုံးတို့ကို ဇွတ်မှိတ်ကာ အိပ်ပျော်ဖို့ ကြိုးစားရသည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now