23

4.8K 228 0
                                    


.........  .......

၃ထပ်တိုက်၏ အပေါ်ဆုံးအထပ် ဝရံတာ၌ ဂီတာ တစ်လက်နှင့်
သံစဉ်တချို့ တိုးညင်းစွာ တီးခက်ရင်း  နံရံကိုကျောမှီကာ ထိုင်နေသော ကောင်လေးတစ်ယောက်။  အတိအကျမရှိသော လက်ကွက်တို့ဖြင့် ရောက်တတ်ရာရာ တီးခက်နေသလို စိတ်အစဉ်ဟာ တစ်စုံတစ်ယောက်ဆီသို့။

ကိုယ့်ခံစားချက်တွေကို ဝေဖန်သုံးသပ်ဖို့ အချိန် ၃လခွဲ ယူပြီး
နေခဲ့တာ။ ဘယ်နှစ်ကြိမ်ပင် သုံးသပ်ပါစေ၊ စဉ်းစားမိပါစေ
အဖြေဟာ တစ်ခုတည်း ။

ကိုယ့်လို ယောကျာ်းတစ်ယောက်သာဖြစ်သော
ယောကျာ်း တစ်ယောက်ကိုသာ ချစ် မြတ်နိုးခြင်း။
တွဲဖူးသမျှ ရည်းစားတိုင်းဟာ မိန်းကလေးတွေချည်းသာ ။
တွဲခဲ့သမျှ မိန်းကလေးတိုင်းကို လက်ကိုင်ဖူးရုံမှ လွဲရင်  ပခုံး‌ေပါ်ကိုတောင် ယောင်လို့ပင် လက်မတင်ဖူးတာမို့
တစ်စုံတစ်ယောက်အပေါ်   ကိုယ်လိုယောကျာ်းတစ်ယောက်ပဲဆိုကာ
ပြုမူဖူးတဲ့ အပြုအမူတိုင်းဟာ   ကိုယ်တိုင်က ရိုးရိုးသားသား ပါဟု မဆိုချင်။

တစ်စုံတစ်ယောက်ကို စမြင်တဲ့နေ့ကတည်းက အသည်းတယားယားနဲ့ ဇွတ်တရွတ်ပြုမူချင်စိတ်ကို ထိန်းမရခဲ့တာအမှန်မို့ နောက်ပိုင်း  မြင်ရလေ ဒီလူတစ်ယောက်တည်းကိုသာ ကွက်ပြီး ပြူမူချင်တဲ့ စိတ်တွေကြောင့်  ပုံမှန်မဟုတ်တဲ့ ခံစားချက်ကို ကိုယ်တိုင် အတည်ပြုချင်လို့။

တစ်စုံတစ်ယောက်နဲ့ ပွဲလည်ပြီးအပြန် လမ်းတစ်နေရာမှာရပ်စောင့်ကာ  ရန်ပြုလာတဲ့ ကိုယ့်ထပ် အတန်းကြီးတဲ့ စီနီယာ တချို့ က    တစ်စုံတစ်ယောက်အကြောင်းကို ပြောလာတာမို့  ကျောင်းဖွင့်ချိန်နှစ်အစပိုင်းကတည်းက အသုံးမပြုရသေးတဲ့
ကျောင်းလူမိုက် လက်သီးက အသက်ဝင်လာသလို။

~~~~~~~

ထိုနေ့ညက ခန့်စေတို့ လေးယောက် လမင်းတို့ကို ပြန်ပို့ပြီး အပြန်

လမင်းတို့ ရွာဘုန်းကြီးကျောင်း၏ ကုန်းဆင်းတစ်နေရာမှာ ဆိုင်ကယ်ကိုယ်စီ နှင့် စောင့်နေကြတဲ့ လူ ၆ယောက်။
  အသေအချာ ပြောရရင် ဆယ်တန်း ECOအခန်းက ထက်အာကာလို့ခေါ်တဲ့ ထက်ကြီးတို့အဖွဲ့ ။

ချစ်ချင်လို့ ချစ်တာ ( Complete)Donde viven las historias. Descúbrelo ahora