A/N

1.5K 38 5
                                    


ပုံ့ စော်ဘွားစေတီကုန်းနဲ့ ပတ်သတ်လို့ ပုံ့နဲ့ ခင်မင်ရင်းနှီးသမျှ လူတိုင်းကို လိုက်မေးကြည့်ခဲ့ပါတယ်။ ဘယ်သူမှ အကြောင်းအရာ အစစ်အမှန်ကို ဂဃနဏ မသိကြတာမို့  အမှားပါမှာလည်း ဆိုးရတာနဲ့ လူအပြောများတဲ့ အကြောင်းအရာလေးကိုပဲ ငုံပြီး
အရမ်း မသိသာသွားအောင် ရေးပြထားတာပါ။

အတွဲတွေ အဲ့ တောင်ကုန်းပေါ် တတ်ရင် ပြတ်တယ် ဆိုတာတော့ အမှန်ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပုံ့ အောင်သွယ်ပေးပြီး
ကြိုက်ခဲ့တဲ့ အတွဲ မှန်သမျှ အဲ့ကုန်းပေါ် တတ်ပြီး ပြန်ဆင်းလာရင် ပြတ်ကြတာချည်းပါပဲ🤣။ ပုံ့က တော့ မုန့် အဝအလင်း စားခဲ့ရတာက အမြတ်ပါ။

ဟိုတလောကမှ သူငယ်ချင်းနဲ့ အဲ့ ကုန်းပေါ် တတ်ခဲ့ပါတယ် လူသူ သိပ်မသွားတဲ့ ကုန်း ဖြစ်တာမို့ ခြုံအရမ်းထူပါတယ်။ စေတီတွေ ဘုရားတွေ ပျက်စီးနေပါပြီ။ အဲ့ကုန်းပေါ်ရောက်ရင် တစ်မြို့လုံးကိုမမြင်ရပေမယ့် အနီးအနားက ရပ်ကွက်တချို့ကို မြင်ရပါတယ်။ မတတ်ဖြစ်တာ ၇နှစ်လောက်ရှိပြီမို့ တတ်ခဲ့စဉ်က ကုန်းပေါ်အရောက် အမောမဆို့ရုံ တမယ်ပါပဲ။ မြွေလည်း ကြောက်ပေမယ့် ပုံ့ မှတ်တမ်းတွေတော့ ရအောင်ယူခဲ့ပါတယ်။

နောက်ပြီး ပုံ့ စာထဲမှာချန်ပြီး ထည့်မရေးခဲ့တဲ့ တစ်ချက်က အမှားပါမှာဆိုလို့ ထည့်မရေးခဲ့တဲ့ အချက်ကို ဒီမှာပြောပြမယ်နော်။

စော်ဘွားစေတီကုန်းက မြို့မှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ဘုရားစေတီတွေရဲ့ အထက်မှာ ရှိတာမို့ အရာရာထပ် ပိုမြင့်နေပါတယ်။ မိန်းမတစ်ယောက်ရဲ့အပေါ်မှာ စေတီကို တည်ထားပြီး ‌မြို့ရဲ့ စေတီဘုရားတွေထပ် မိန်းမအုတ်ဂူက အပေါ်ရောက်နေတာမို့ မြို့လေးဟာ ထင်သလောက် မတိုးတတ်လာပါဘူး။ ဘယ်သူမှလည်း အဲ့ကုန်းပေါ်ကို မတတ်ကြဘူး ။ ပစ်ပယ်ထားကြတာလို့ ပြောရင် ပိုမှန်ပါတယ်။
ပုံ့ကသာ မြို့ကို နောက်ခံပြီး ရေးထားတာမို့ ဒီအကြောင်းလေး ထည့်ရေးချင်တာနဲ့ လိုက်စပ်စုထားရတာ။ ဘယ်သူမှ သိပ်မပြောပြချင်ကြဘူး။ ဘယ်သူမှ မတတ်တော့တဲ့ အဲကုန်းပေါ်ကြီးကို သူငယ်ချင်း နှစ်ယောက် စွန့်စားပြီး တတ်ခဲ့တာပါ။ အပေါ်စီးက ကြည့်ရင် အရမ်းသာယာပေမယ့် နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ် 😁။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now