7

5.5K 311 3
                                    


.......

ဘာလိုလိုနဲ့  သောကြာနေ့ ရောက်ပြီမို့ကျွန်တော် ကျောင်းတက်တာ ၅ရက်ရှိသွားပြီ။ စနေ/တနင်္ဂနွေ (၂)ရက်က ကျောင်းပိတ်ရက်။
ကျောင်းစတက်တဲ့နေ့က ၈တန်းကောင်ဆီမှ ၂ခါတိတိ အနမ်းခံရတာမို့ ငိုလိုက်ရတာအမော။ နောက်နေ့ ကျောင်းလာတက်ဖို့ မပြောနဲ့ ညနေကျောင်းဆင်းရင် ၈တန်းကောင်နဲ့ ထိပ်တိုက်မတွေ့ရအောင် ဘယ်လိုပြေးရမလဲ စဉ်းစားရတာ ခေါင်းမွှေးတွေပါ ကျွတ်၏။ ကံကောင်းချင်တော့ ကျောင်းဖွင့်ရက်ပထမဆုံးတစ်နေ့သာ ကျောင်းသားတိုင်း ပေါချောင်ချောင်နေလို့ရသေးပေမယ့် ဒုတိယနေ့တော့ မရတော့ပါ။
အစိုးရစစ်အနေနဲ့ ဖြေရမည်ဖြစ်သော (၄)တန်း၊(၈)တန်း၊(၁၀)တန်းတွေသည် မနက် ၇:၄၅မှစ၍ ကျောင်းတက်ခေါင်းလောင်းထိုးဖို့ ၁၀မိနစ်အလို ထိ အချိန်ပိုအနေနှင့် စာသင်ခန်းဝင်ရမည်။ ညနေ ၄:၃၀မှသာ အချိန်ပိုအပြီး ကျောင်းဆင်းရမည်ဟူသော ကျောင်းအုပ်ကြီး ၏ တစ်ချက်လွှတ်အမိန့်ကြောင့် မဖြစ်မနေ အချိန်ပို တက်ရမည်။ ကျောင်းတွင်းစစ်/ဖြေ ရမည့်အထဲမှာ (၉)တန်းပါသွားသည်မို့ ကျွန်တော်တို့ကတော့ အနေချောင်သည်။ ပုံမှန်ပဲဟုဆိုရမည်။
(၈)တန်းကောင်လဲ ထိုနေ့မှ စ၍ လှေကား၌ စောင့်နေတာမျိုးမတွေ့ရတော့ပါ။ မတွေ့ရဘူးဆိုတာကလဲ ကျွန်တော်ကိုယ်တိုင်က မနက် ကျောင်းလာလျှင် (၈)တန်းခန်းက အချိန်ပို စသင်မယ့်အချိန်နဲ့ ကွက်တိ ကျောင်းထဲဝင်တာ။
မုန့်စားဆင်းချိန်ဆို  မုန့်ဆင်းမဝယ်တော့ပါ။ အိုက်လျှမ်းကသာ ဝယ်ပေး၏။ နေ့လည် လဲ အခန်းထဲက မထွက်။ ညနေဆို ကျောင်းအုပ်ကြီးရုံးခန်းဘက် နှစ်ထပ်ဆောင်လှေကားကနေ မယောင်မလည်နဲ့ ကွေ့ပတ် ဒုန်းစိုင်း ပြေးပြန်နေရတာ။ အပေါ့သွားရင်တောင် အပေါ်ထပ် သူ့အတန်းက လှမ်းမြင်ရမယ့် မြင်ကွင်းကနေရှောင်ကာ ဝင်္ကပါလို လှည့်ပတ်ရှောင်ပြီး သွားရသည်။
ညနေကျောင်းဆင်းရင် အိမ်ကို ကျွန်တော်တစ်ယောက်တည်းသာ ပြန်ရသည်။ အိုက်လျှမ်းက ညနေဆို ကျောင်းဆင်းတာနဲ့ ကျူရှင်တန်းဝင်ရတာမို့ အပြန်လမ်းကတော့ အဖော်မရှိပါ။
ရွာထဲမှာလဲ ကျောင်းနေသူ အများသားမို့ လမ်းမှာ လူပြတ်တယ်လို့တော့ မရှိပါဘူး။ ရှမ်းစကားလဲမတက်တာမို့ တသီးတသန့် တစ်ယောက်တည်းသာ ပြန်လိုက်တာ ဖြစ်သည်။
ဟူးးးးး မလွယ်ပါဘူး ၈တန်းကောင်ရဲ့ ဒုက္ခက မလွယ်ပါဘူး။

ချစ်ချင်လို့ ချစ်တာ ( Complete)Waar verhalen tot leven komen. Ontdek het nu