38

3.7K 194 2
                                    

...............

                 (၁)နှစ်ခွဲ ခန့် ကြာသော်........

"သီဟ ရေ ! အခုထိ ဘောဂ အခန်း(၃)ကို မပြတ်သေးဘူးလား"

"ဟဲဟဲ ....အကိုလမင်းကလည်း ကုန်ထွက်နှင့် ထုတ်ကုန်သဘော က နည်းနည်းခက်လို့ပါ "

"အခုရက်ပိုင်း စာဆိုခိုင်းရင် ဆင်ခြေအမျိုးမျိုး ပေးနေတယ်နော် !"

" မနက်ဖြန် ဆိုပါ့မယ်ဗျာ "

"ပြီးတာပဲ ... ဒါဆို အကို ပြန်တော့မယ်  တွက်စာတွေ ပြန်လုပ်ထား
ပြီးရင် သင်္ချာ Chapter -3 မေးခွန်းဟောင်းတွေ တွက်လို့ကောင်းမယ့် ဟာလေးတွေ အကို  ရွေးပေးထားတယ် ၂ရက်အချိန်ပေးမယ် တွက်ထား "

"ဟာဗျာ! အကိုလမင်းကလည်း ....စာတွေက .."

"မလည်းဘူး ...ငါ ထိုင်နေတာ နော် ! သီဟ ဒီနှစ် အောင်ဖို့ စိတ်ကူးမရှိရင် ငါ မင်း မိဘတွေကို ပြောပြီး  မင်းကို စာသင်ပေးတာ ရပ်မယ် "

" မလုပ်ပါနဲ့ အောင်မှာ အောင် *အောင် ဖြေမယ် နော် အကို "

"စာနဲ့ ပတ်သတ်လာရင် ဈေးမဆစ်နဲ့ နောက်တစ်ခါဆို တစ်ကယ် မသင်ပေးတော့ဘူး ကြားလား ! "

"ဟုတ်ကဲ့ ..."

"အင်း ...ဒါဆို ပြန်ပြီ"

"ကျွန်တော် လိုက်ပို့ပေးမယ် ..."

"မလိုဘူး ...စာပဲ ဆက်လုပ် !"

လမင်း လက်က နာရီအား ကြည့်လိုက်ရာ ည ၇:၃၀ခွဲပြီမို့  စာအုပ်နှင့် ပစ္စည်းတချို့ကို သိမ်းဆည်းကာ ဆိုင်ကယ်သော့လေးအား ယူရင်း  စာသင်ပေးနေရသော သီဟ၏ မိဘများကို နှုတ်ဆက်ကာ ခြံပြင်ဘက် ထွက်လာလိုက်၏။

အိမ်ပြင်ထွက်လာကတည်းက ပတ်ဝန်းကျင်တခွင်လုံး လမ်းမီးတချို့နှင့် အိမ်ရှေ့မီးတချို့ကြောင့် လင်းနေပေမယ့် ကောင်းကင်တခွင်လုံးမှာ မဲမှောင်နေပြီ။ တိုက်ခက်လာသော လေထဲတွင် မိုးနံ့ပါလာပြီမို့ လမင်း ဆိုင်ကယ်ပေါ်အမြန်တက်ကာ
အိမ်သို့ မိုးမရွာခင် အသော့နှင်ရသည်။

လမင်း ခြံရှေ့ရောက်လို့ ခြံတံခါး ဖွင့်နေစဉ် မိုးရွာချလာတာမို့
ခြံထဲ မြန်မြန် ဝင်ကာ ဆိုင်ကယ်အား မိုးကာဖြင့် ခပ်မြန်မြန်အုပ်ခဲ့ပြီး အိမ်ပေါ် ပြေးတတ်လာရာ ဧည့်ခန်းတွင် ထိုင်ကာ စောင့်နေသော အမေက ...

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now