39

3.8K 208 5
                                    


.........

ဥတုရာသီ တို့ဟာ အလှည့်ကျစီ ကူးပြောင်း နေသလို လ အစဉ်
ရက်အလီလီတို့ဟာလည်း တရွေ့ရွေ့ ကုန်ဆုံးနေ၏။

ရှမ်းပြည်နယ်၏ အေးချမ်းလှသော ဆောင်းရာသီကို အံတုကာကျော်ဖြတ်လာရသော လတွေကို ကျော်ဖြတ်ပြီးနောက်
ဆောင်းအကုန် နွေကို ကူးနေပြီ ဖြစ်သော တပေါင်းလအစ သည်
ဤ ဒေသတွင်‌ေတာ့ ထင်သလောက် အအေးမပေါ့သေးပါ။

နံနက်ချိန်ခါ၌ ဆီးနှင်းတို့ကျကာ အေးချမ်းနေသေးသလို
ညဦးချိန်ခါတွင်လည်း ထိုနည်း ၎င်းပင်။
နေ့အခါတွင်တော့ လေရူး တို့၏ ကျီစယ်မှုကို အလူးအလဲ ခံရကာ
သာယာသလိုပင် အလွမ်းဓာတ်ခံရှိသူတို့အဖို့ ဒီ ဥတုနှင့် လ ဟာ
မြင်မြင်သမျှ လွမ်းမောစရာ။

~~~~~

"အမေ  သား ထမင်းရော ဟင်းရော ညမနက်စာ ချက်ထားတာမို့
  အမေ မီးဖိုချောင်ကို ထမင်းစားဖို့ကလွဲရင် မဝင်ရဘူးနော် "

"အင်းပါ သာသာလေးရယ် "

"  အဝတ်တွေ မလျှော်ရဘူးနော် သား ပြန်လာမှ လျှော်မယ် "

"ကဲ!.. ကိုထွန်းလမင်းသာ ဒီနေ့ ရှင့်ကျောင်းသားဆီ ရောက်ဖြစ်ပါ့မလား  ဘာမှ မလုပ်ပဲ အေးဆေး နှပ်နေမှာမို့ မပူနဲ့
ဟုတ်ပြီလား "

"သားမှ အမေ့ကို စိတ်မချပဲ .. အိမ်အလုပ် ဘာဆိုဘာမှ မလုပ်နဲ့နော်
အဲ့တာဆို သား သွားလိုက်အုန်းမယ် "

တစ်နိုင်ငံလုံး၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးက မကြာခင်
ရောက်ရှိတော့မှာမို့ ထိုတက္ကသိုလ်ဝင်တန်းကို ဝင်ရောက်ဖြေဆိုမည့်
ဆယ်တန်း ကျောင်းသား တစ်ယောက်ကို တာဝန်ယူပေးထားရသော
လမင်းမှာ  ဖြေဆိုရမည့်သူ အဆင်သင့် ဖြစ်တာ မဖြစ်တာ အသာထား ။ ကိုယ်တိုင် တာဝန်ယူပေးထားရတဲ့ ကလေးမို့
အောင်မြင်စေချင်သည့်စိတ်က ကြီးစိုးနေတာကြောင့် နေ့ရော ညပါ
ထိန်းမတ်ပေးနေရသည်။

ကိုယ်တာဝန်ယူထားရသည့်ကျောင်းသားက အဆိုးကြီးမဟုတ်ပေမယ့် ကိုယ်တိုင်ကြုံတွေ့လာခဲ့ရသော အတွေ့အကြုံမို့ စာမေးပွဲနီးလေ စိတ်လေ လာလေ ဖြစ်တာမို့
ဒီကလေးကတော့ အဲ့လို ဖြစ်လို့မရပါ။ နီးလာသောရက်နှင့် ဖြေဆိုနေရမည့် ရက်အနည်းငယ်အတွင်း အပင်ပန်းခံကာ စိတ်နှစ်စေချင်သည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now