29. (ZawGyi)

1.7K 24 3
                                    

သင်္ကြန် အကျနေ့ ....မနက်ပိုင်း။

လမင်း ခြံရှေ့ကို ကြည့်ရင်း မျက်နှာလေးဟာ ရှုံ့မဲ့ လို့နေ၏။
အကြောင်းအရင်းက ဘေးမှာ ပေါက်ပေါက်ဖောက်နေတဲ့
ဟန်လျှမ်း ကြောင့်သာ။ အကြိုနေ့ မနက်အစောကြီး ခန့်စေထွဋ်နောင် ရေလာလောင်းသွားတဲ့ ကီစ္စကို
သိပြီးသွားလည်း ထပ်မေးနေခြင်း။ ရေပဲလာလောင်းတာ အဖြေလာတောင်းတာမဟုတ်ဘူး ပြောလည်း မရ ၊သူလိုချင်တဲ့ အဖြေမရမချင်း မေးနေတာ ဖြစ်၏။

" ကဲ...ပြောစမ်းပါ အိုက်လမင်းသာ ရာ မင်းဆီ
အဖြေလာတောင်းတာမလား လို့ ! "

"မဟုတ်ပါဘူး လို့ ဘယ်နှခါ ပြောရမှာလဲကွာ "

"သေချာလို့လား "

"အင်းပါ ဆိုနေမှ "

"မင်းကို ရည်းစားစကားပြောထားတဲ့ ကောင်က ဒီအတိုင်း ပြန်သွားတယ် ဆိုတာ ဖြစ်နိုင်ပါ့မလားကွ မင်းနော်......
...မှန်မှန်ဖြေလို့"

"ရေလောင်းတယ် ပြီးတော့ ပြန်သွားတယ် ဒါပဲကို ဘယ်နှခါ ဖြေရအုန်းမှာလည်း အိုက်လျှမ်း ငါတစ်ကယ် နားညီးလာပြီလို့ "

"ဟွန့် ~ ဒါနဲ့ မင်းဆီကို သူတစ်ယောက်တည်း ပဲ လာတာ သေချာလား "

"အင်း  သူတစ်ယောက်တည်းပဲ လာတာ"

"သန့်စင်ထွန်း မပါဘူးလား "

"မပါဘူး "

"ဘာလို့ မပါတာလဲ အရင်တိုင်း အဲ့ကောင်လေးယောက်က ခွဲမြင်လို့ မရအောင်ကို အတူတူပဲမလား "

"ဘယ် သိမလဲ။  ခန့်စေထွဋ်နောင် လာတုန်းက မနက် ၅နာရီခွဲပဲ ရှိသေးတာ  "

" အဲ့လောရှည်ကောင် ကြည့်လို့ကို မရဘူး "

"မင်းကို သူဘာလုပ်လို့လဲ အိုက်လျှမ်းကလဲ ~~ "

"ဘာမှ မလုပ်လို့ကို ကြည့်မရတာ အဲ့  လောရှည်ကောင် တွေ့မယ်! "

တော်သေးသည်။ ထပ်မမေးတော့ပေမယ့်  ဘာဆိုဘာမှ မသိရှာပဲ
သူ့အိမ်မှာ သူ့ဘာသာ အိပ်ပျော်နေခဲ့တဲ့ သန့်စင်ထွန်းကတော့ အခုချိန်မှာ ဟန်လျှမ်းရဲ့  ကြိမ်းဝါးခြင်းကို ခံနေရသည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now