46

4K 217 2
                                    


...........

စိမ်းစိုပြီး လှပလွန်းတဲ့ ထင်းရှူးတောအတွင်းသို့  လမင်း ရောက်နေခဲ့ပြီး ဘယ်အရပ်ကိုပဲ လှည့်ပတ်ကြည့်နေပါစေ
ရှည်လျားမြင့်မားကာ ပေါက်ရောက်နေသော ထင်းရှူးပင်များနှင့်
ကျေးငှက်အစုံ တို့၏ သံတွန် မြည်ကြွေးသံများသာ လွှမ်းမိုးနေတာမို့

တစ်ခါမှ ဒီလို နေရာမျိုး မရောက်ဖူးသူပီပီ ရှေ့၌ မြင်နေရသော လူသွားလမ်းသေးသေး လေး အတိုင်း ရှေ့ဆက်လျှောင်ကာ
စူးစမ်းနေရင်း တောင်ကမ်းပါးယံ တစ်ခုနားရောက်လာ၏။

ထိုနေရာနားရောက်လာရင်း ဆက်သွားစရာ နေရာမရှိတော့တာမို့
အောက်ကို ငုံ့ကြည့်လိုက်ရာ ချောက်ဟာ နက်မနေပါ။ ထိုအစား
ကြူပင်ပုံစံ၊ တံမြက်စည်း ပြုလုပ်သည့် အမွှေးရှည်ရှာ် အပင်တို့ အုံ့ဆိုင်းကာ ပေါင်ရောက်နေသော ရေစီး ချိုင့်ဝှမ်းကြီးဖြစ်နေ၏။

လမင်း စပ်စုလွန်းစွာ ချိုင့်ဝှမ်းအတွင်း စေ့စေ့စပ်စပ် ငုံ့ကြည့်မိတော့
ချောက်ကမ်းပါးယံ ကို ကပ်သပ်ကာ ပြုလုပ်ထားသော လူတစ်ယောက်သွားစာ‌ေမြသား လှေကားထစ်လေးများ ကိုတွေ့ရ၏။
ထိုလှေကားထစ်အတိုင်း ဆင်းသွားလျှင် ထိုချောက်ထဲမှာ ဘယ်လိုအရာများ ရှိနိုင်လို့လဲ။ တွေ့နိုင်မှာလဲ။

တွေးနေရင်းနဲ့သာ ခြေလှမ်းတွေကာလှေကားထစ်လေးများရှိရာ ဘက်ဆီ လျှောက်နေပြီမို့ ခြုံနွယ်ထူထပ်သော နေရာများကို ရှောင်ကာ ထိုနေရာဆီသို့။

လှေကားထစ်တွေမှာ အလွန်ကို သေးငယ်ပြီး တစ်ဖက်မှာ ကမ်းပါးယံ တစ်ဘက်မှာ ချောက်မို့ လမင်း သတိကြီးစွာ ထားရင်း
ဖြည်းဖြည်းသာ ဆင်းလာလိုက်၏။

‌များပြားလှသော လှေကားထစ်များအဆုံး၌ မြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးလျ သော နှုတ်ခမ်းပါးတစ်စုံဟာ ခပ်ဟဟလေးဖြစ်သွားရ၏။

ကမ်းပါးယံလှေကားထစ်အတိုင်းဆင်းလာခဲ့ရာ တောင်ကြားထဲ ရောက်လာပုံရတာမို့ အမြင့်ပိုင်းမှ စီးဆင်းလာသမျှ ရေတို့ ကြွင်းကျန်ရစ်ကာ အိုင်ထွန်းနေသော ရေအိုင်ကြီးလတ်မရွေးကိုတွေ့ရပြီး မြက်ပင်များသာ ပေါက်ရောက်နေသော ထိုချိုင့်ထဲတွင် လိပ်ပြာအဝါရောင်လေးများဟာလည်း တစ်နေရာတည်း၌ပင် စုဝေးနေသည်မှာ အများသားမို့  လမင်း မြင်နေရသော မြင်ကွင်းများကို စိတ်ကြည်နူးစွာ ရပ်ကြည့်နေမိသည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now