20

5.4K 266 0
                                    

🍀🍀

ကျောက်စိမ်းရောင်ပိုးသား ရှမ်းဝတ်စုံလေးဝတ်ထားသော ကောင်လေးတစ်ယောက်ဟာ နက်ပြာရောင်ပိုးသား ရှမ်းဝတ်စုံဝတ်ထားသော ကောင်လေးလက်ကို မြဲမြံစွာ တွဲထားပြီး
ပွဲခင်း ဝင်ခါစကတည်းက ပွဲခင်းတစ်ခင်းလုံးက အရုပ်ဆိုင်၊မုန့်ဆိုင် တွေနှင့် ကလေးကစားစရာ ချားရဟက်နှင့် မီးရောင်စုံတောက်ပနေသော ပင်လယ်ဓားပြကြီးပေါ်မှ အော်ဟစ်သူကအော်နှင့် ပျော်သူတွေက ပျော်နေသည့် မြင်ကွင်းကို
ကလေးတစ်ယောက်လို တဝါးဝါးဖြင့် အံ့ဩမှုပြုကာ လိုက်လံငေးမောနေ၏။

ခန့်စေ မြင်သမျှငေးမောကာ ပျော်နေတဲ့ အသေးလေးကို အိမ်ကိုရအောင်ခေါ်သွားပြီး အရင်က ဝတ်တဲ့ ဝတ်စုံတွေထဲက တန်လောက်မယ်ထင်တဲ့ ဝတ်စုံကို မနည်းဝတ်ခိုင်းထားရတာ။
မနှစ်ကဝတ်တဲ့ ဝတ်စုံက အသေးလေးနဲ့ မတန်တာမို့ ခန့်စေ ၆တန်းနှစ်က ပိုးသားတွေ စပြီးခေတ်စားတဲ့အချိန် လေးလေးဝယ်ပေးထားတဲ့ ဝတ်စုံလေးကမှ အသေးလေးနှင့် တန်နေ၏။ ခန့်စေ ၆တန်းနှစ်ကဝတ်တဲ့ အဝတ်ကမှ အရှေ့က
၉တန်းကျောင်းသားနဲ့ တန်တာပါတဲ့။ သူကပဲ လူစဉ်မမှီတာလား
ကိုယ်ကပဲ ထွားလွန်းနေတာလား ။ အသားဖြူလွန်းသူမို့
ကျောက်စိမ်းရောင်လေးဝတ်ထားတဲ့ အသေးလေးက နဂိုအသားရည်ထပ် ပိုဝင်းနေကာ ဖြူဝင်းသပ်ရပ်‌ေနပြီးအရုပ်လေးတစ်ရုပ်လို ချစ်စရာကောင်းလှသည်။

တွဲထားတဲ့ လက်၏ လက်ဖဝါးကို ကုတ်ကာ တစ်နေရာကို လက်ညိုးထိုးကာ ပြောလာသော အသေးလေး။

"ခန့်စေထွဋ်နောင် အဲ့ပျော့အိအိအရုပ်ကြီးအပေါ် ငါ တက်ဆော့လို့ရလား ငါ‌ဆော့လို့ရလောက်လား"

ကလေးများစွာ တက်၍ဆော့ကစားနေသော အရောင်သွေးစုံ ကာ တော်တော်မြင့်အောင် ထိုးထောင်ယိမ်းနွှဲ့နေပြီး
အရုပ်ပေါင်းများစွာနှင့် ပြုလုပ်ထားသော လေမှုတ်ထားသည့် အရုပ်ကြီး။လည်ဆွဲကဒ်လေးများဆွဲထားကာ သီချင်း၃ပုဒ်စာ ဆော့ကစားခွင့်ရှိသည့် နေရာ။ အများဆုံးမှာ ကလေးငယ်တွေသာ ဆော့ခွင့်ပေးထားသော အရုပ်ဖြစ်တာမို့ ခန့်စေ လက်ကို ကုတ်ကာ
ဆော့လို့ရလား မေးနေသော အသေးလေးက အမှန်တစ်ကယ် ဆော့ချင်နေသည့် ပုံစံလေးဖြင့် ဆော့လို့ရတယ် လို့ဖြေလာမယ့် အဖြေကိုလည်း မျှော်လင့်နေ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now