3

6.4K 308 0
                                    

............

ဒီနေ့က ကျွန်တော်တို့ ပြောင်းလာတဲ့ အိမ်လေးရဲ့ အိမ်သစ် တတ်ပွဲ။
ရွာဘုန်းကြီးကျောင်းမှ သံဃာ သုံးပါး ပင့်ကာ အာရုံဆွမ်း ကပ်ကာ တရားနာ၊ အိမ်သစ်တတ် ဧည့်ခံကျွေးမွေးမှုကို  နီးစပ်ရာ သက်ကြီးရွယ်အို များအား ဖိတ်၍ အကျဉ်းချုပ်လေး လုပ်လိုက်သည်။

အမေနဲ့ တီတီနု က ဒိုင်ခံ ချက်ပြုတ်တာကြောင့်  စားသုံးသူ ရှမ်းဘိုးဘိုးဘွားဘွားကြီးများက ကျွန်တော်တို့နားမလည်သော
စကားများဖြင့် လက်မများထောင်ပြကာ တပြုံးပြုံးနှင့်။  ဘာသာစကားအား နားမလည်ပါသော်လည်း  စားသောက်ဖွယ်ရာများက အရသာရှိကြောင်း ပြောပြနေမှန်းသိတာမို့ ကျေးဇူးတင်ပါတယ်ဗျ  ဟုဆို၍ အပြုံးများဖြင့်သာ တုံ့ပြန်မိပါသည်။ 

အိမ်သစ်တက်ပွဲလေး အထမြောက်ပြီးပြန်တော့လဲ  အလှူငွေ၊ လက်ဆောင်များ သိမ်းဆည်းကာ ပိုလျှံသော ထမင်းဟင်းများကို ဘေးပတ်ဝန်းကျင် အိမ်များဆီသို့ ကျွန်တော်နှင့် ဟန်လျှမ်း ပန်းကန်ကိုယ်စီနှင့် လိုက်လံ ပို့ဆောင်ပေးဖြစ်ပါသည်။

>>>>>>><<<<<<<

အိမ်သစ်တက်ပွဲ ပြီးလို့ အကုန် သိမ်းဆည်းပြီး တီတီနုတို့ မိသားစုလဲ ပြန်သွားပြီး နောက်ပိုင်း အမေ သားခဏလောက် မှေးအုန်းမယ်နော်ဟု ပြောကာ အခန်းတွင်းဝင်ကာ အိပ်နေသည်မှာ
ညနေ ၄နာရီတောင် ခွဲရောပေါ့။  အိပ်ယာပေါ်မှ စောင်များခေါက်ကာ သိမ်းဆည်းနေတုန်း အမေက မီးဖိုချောင်ဆီမှ လှမ်းနှိုး၏။

''သာသာလေးရေ မေ့သား ထတော့လေသား ''

''ဟုတ် အမေ သားထပြီ''

''အေအေ ပင်ပန်းထားတာမို့ လန်းသွားအောင်
ရေချိုးလိုက်အုန်း သားလေး''

'' ဟုတ် ''

တစ်ကယ်လည်း တစ်ရေးအိပ်ပြီးတာတောင် လူက နုံးနေတာမို့ ရေချိုးရန် ပုဆိုးတစ်ထည် နှင့် ကိုယ်သုတ်ပုဝါအား ပုခုံးပေါ်တင်ကာ အိမ်နောက်ဘေးက ရေချိုးကန် ဆီသို့  ရေချိုးရန် ဆင်းသွားလိုက်သည်။
ကျွန်တော် အညာဒေသမှာ နေတုန်းက ပူလွန်းလို့ ရေကို တစ်နေ့ ၃ခါလောက် ချိုးနေသူဖြစ်ပေမယ့် ရှမ်းပြည်ကို စပြီး ခြေချကတည်းက တစ်နေ့ကို ရေ၃ခါ ချိုးတဲ့ ထွန်းလမင်းသာဟာ ဘယ်ဆီ ရောက်သွားမှန်းကို မသိပါ။ ရောက်တာဖြင့် ၁ပတ်ကျော်မျှသာ ရှိသေးပေမယ့် ကျွန်တော်ရေချိုးဖြစ်တဲ့အ‌‌ေရအတွက်ဟာလက် ငါးချောင်း ပင် မပြည့်ပါ။ ရှမ်းပြည်ဘက်မှ ရေတွေဟာ ရေခဲရေထပ်ပင် အေးစိမ့်ကာနေ၏။  စိုင်းဟန်လျှမ်းကတော့ ''မင်းကွာ ဒါတောင် ဆောင်းတွင်း မရောက်သေးဘူးကွ။ အဲ့ချိန်ကြ ငါမြင်ယောင်သေးတယ် မင်း ၇ရက်မှ တစ်ခါ ရေချိုးတော့မှာ ငပိနံ့တွေ ထောင်ထ နေမှာ မြင်ယောင်တယ်'' ဆိုပဲ။
တူမလားဗျ !ရှမ်းပြည်မှာမွေးပြီးကြီးလာတဲ့သူနဲ့ အညာမှာကြီးလာတဲ့ ကျွန်တော်နဲ့။ အပူပိုင်းကလာတာမို့ အအေးကြိုက်ပေမယ့် ပိုးစိုးပက်စက်ကြီး အေးတာကတော့ မခံနိုင်ဘူးလေဗျာ။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now