14

5K 264 0
                                    

  ဒေါက်! ဒေါက်!

''ခန့်စေ ငါ့တူ မထသေးဘူးလား ၈နာရီ ကျော်နေပြီ ငါ့တူ "

"......."

"ခန့်စေ......"

ဦးထွဋ်တေဇ  တူတော်မောင် အား  နှိုးနေပါသော်လည်း အခန်းထဲက တူတော်မောင် ခန့်စေထွဋ်နောင် က အသံပင်ထွက်မလာတာမို့ တံခါး ထပ်ခေါက်ရန်ပြင်ရ၏။
တံခါးဖွင့်ကာ သွားနှိုးချင်ပါသော်လည်း ငယ်ငယ်ကတည်းက
အခန်းထဲ ဝင်လျှင် မကြိုက်တက်သည့် သူမို့  အပြင်ကသာ မနိုးမချင်း နှိုးနေရအုန်းမည်။ ကျောင်းပိတ်ရက်လေးမို့ အမိဖမ်းကာ
အတန်းကြီးလာပြီမို့ကျူရှင်ယူသင့်ကြောင်း၊ နောက်တစ်နှစ်ကြရင် အဖေဖြစ်သူ အပ်ပေးမည့် Private school သွားတက်ရမည် ဖြစ်ကြောင်း လေပြေအေးဖြင့် တရားဟောရအုန်းမည်။
အဖေဖြစ်သူ ပြောလျှင် လက်သုံးစကားကြီး လိုပင် အာဂုံဆောင်ထားသော တူတော်မောင်က
"အဖေ ကြိုက်တဲ့ မိန်းမ ကို အဖေယူထားတာမလား
ကျွန်တော်လဲ နေချင်သလိုနေမယ် "ဟု ပြောလိမ့်မည် ။

ဒီလိုနဲ့ သားအဖနှစ်ယောက်ရဲ့  မာနချင်းပြိုင်နေမည့်ရန်ပွဲက ပြီးမှာမဟုတ်။ သားဖြစ်သူအကြောင်းကိုသိသော အဖေကလည်း
ကိုယ်တိုင်ပြောရမှာထပ် ဦးလေးဖြစ်သူ ကိုယ့်ကိုသာ နားချခိုင်း၏။

ဒါကြောင့် ဆိုင်မသွားခင်လေး မနက်စာ စားရင်း ပြောစရာရှိတာ ပြောဖို့ပင်။ လုံးဝ အိပ်ယာနိုးလာဖို့ရာ တံခါးခေါက်ရုံနှင့် မရတာမို့ တံခါးကို အားပါပါ ထုရတော့၏။

ဒုန်း! ဒုန်း! ဒုန်း!

"ခန့်စေ  ထတော့  ကြားလား ဟေ့ကောင် ! ဒုန်း ဒုန်း! "

"အွင်း !"

"အွင်း ..မလုပ်နဲ့ ထစမ်း ပြောစရာရှိလို့ ထစမ်း ငါ့တူ ရာ"

" ထပြီ! "

ဘောက်ဆက်ဆက် အသံနဲ့  ထပြီ ဟုဆိုလာသော တူ ကြောင့် အောက်ထပ် ထမင်းစားခန်း၌ စောင့်နေရန် ပြန်ဆင်းလာလိုက်၏။

******

လှေကားမှ ပျင်းရိပျင်းရွဲ ဆင်းလာကာ ထမင်းစားခန်းထဲ စိတ်မပါသလို လျှောက်လာပြီး  ခုံတစ်လုံးကို အကြမ်းပတမ်းဆွဲယူကာ ဝင်ထိုင်သော တူတော်မောင်ကြောင့်
ဦးထွဋ်တေဇ  မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now