45(Zawgyi)

1K 17 2
                                    

A/N) .. ထိပ်ဆုံးမှာ စကားကြော နည်းနည်း ရှည်လိုက်ရလို့ အားနာရပါတယ်။ သည်းခံပြီးဖတ်ပေးပါနော်။

ပုံ့ရဲ့ အခု Fiction လေးကို review page 2ခုဆီကနေ
review လှလှလေးတွေရခဲ့ပါတယ်။

ပုံ့ ရေးသမျှကို မငြီးမငြူ ဖတ်ပေးတဲ့ သူတွေထဲကပဲ review တောင်းပေးကြတယ် ထင်ပါတယ်။ ပုံ့ အနေနဲ့သာဆို
ရေးသမျှကို ဒီမှာပဲထားခဲ့တာပါ။ ပုံ့ficတွေနဲ့ ပတ်သက်ပြီး ပုံ့ accကို သယ်သွားတာမျိုး၊ ဈေးဗန်းခင်းတာမျိုးတောင် မလုပ်ပါဘူး။
Gpမှာ နှစ်ခါလားပဲ postတစ်ခုနဲ့ လင့်ချပေးခဲ့တာ။ခဏခဏ ဆိုရင်
အမြင်ကတ်မှာဆိုးတာလည်းပါတာပေါ့။
ဒီမှာ ပုံ့ပြချင်တဲ့ ပုံလေးတွေ ပြမရလို့ page မှာပဲ သပ်သပ် သိချင်တဲ့သူ အဆင်ပြေပြေ ကြည့်လို့ရအောင် တင်ပေးထားရုံပါပဲ။ အဲ့လိုလေးတွေ လုပ်ပေးဖြစ်ရုံကလွဲရင် ပုံ့က တိတ်တိတ်လေးပဲ နေတဲ့သူပါ။ဘာလို့လည်းဆိုတော့ review နဲ့ ပတ်သတ်ပြီး
ပုံ့မှာ စိတ်ဒဏ်ရာသေးသေးလေး ရှိနေလို့ပါ။ ပုံ့ plotပြန်ချိန်းဖို့ unထားတဲ့ Need to believe. in love လေးကို ပုံ့ ရေးဖြစ်တာ 2021ကပါ။ အဲ့တုန်းက ဘာရယ်မဟုတ်ပါဘူး
သူငယ်ချင်းက review သွားတောင်းပါလား pageတွေမှာ ။
သူတို့ လုပ်ပေးတယ် ဆိုလို့ သွားပြောကြည့်တော့ pageက ပုံ့ပေးတဲ့ linkကနေ ပုံ့ Wattpad accကို ဝင်ကြည့်တာ followers
20ပဲ ရှိလို့ပါတဲ့။ ၊နာမည်မကြီးတဲ့ Author ရဲ့ ficမို့ သူတို့ စဉ်းစားအုန်းမယ် ဆိုပြီး စကားလှလှနဲ့ ပုံ့ တောင်းဆိုမှုကို ငြင်းခဲ့ကြတာပါ။ အဲ့နောက်ပိုင်း ပုံ့ ကိုယ့်ဘာသာ တစ်ယောက်တည်း ကြိတ်ပြီးပဲ ရေးပါတယ်။ ပြောခဲ့ဖူးသလိုပါပဲ ပုံ့ followers, vote
မမက်ပါဘူး ။ ပုံ့ အရေးအသားကို ကောင်း၏ဆိုး၏ ဝေဖန်ပေးပြီး
ရေးသမျှ ဖတ်ပေး၊ ဝေဖန်ပေးတဲ့သူကိုပဲ မက်မောတာပါ။
Followers တစ်ယောက်ပဲရှိရင်တောင် ပုံ့ရေးတာတွေ သူဖတ်ပေးနေရင် ပုံ့ သူဖတ်ဖို့ အမြဲ ရေးပေးနေဖြစ်မယ် ထင်ပါတယ်။ ပုံ့ပျော်ရွှင်ရာ ရပ်ဝန်းဟာ များပြားကျယ်ပြန့်နေဖို့ မလိုပါဘူး။ စစ်မှန်မှုတွေ ဝန်းရံနေရင်သာ ပျော်ပါပြီ။

ပြီးတော့ reader လေး တစ်ယောက်က သူ review သွားတောင်းထားတာ အခုထိမပေးသေးလို့ဆိုပြီး ပုံ့ကို မြန်မြန် complete ဖြစ်အောင် ရေးပေးပါလား ဆိုပြီး လာပြောပါတယ်။
Complete ဖြစ်ဖို့က လိုပါသေးတယ်။ ပုံ့က အေးအေးဆေးဆေးလေးပဲ သွားဖို့ အစကတည်းက plotချထားလို့ပါ။ နှစ်သက်လို့ review လေး သွားတောင်းပေးတာကိုပဲ ကျေးဇူးတင်ပါတယ်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now