50(ZawGyi)

1.3K 14 1
                                    

..............

.."အဲ့ဒီတော့ငါ့ဆီကပြန်သွားကတည်းကမင်းတို့
     စကားမပြောကြတာပေါ့ "

"အင်း~~~~"

...."အိုက်လမင်းသာ မင်း လွန်တယ်မထင်ဘူးလား ! "

"ဟို~~~ငါလည်းရှက်ပြီး မပြောတာ "

...."အေ ရှက်တာ ဆိုလည်း ခဏဆိုရင် ရပြီလေ မင်းဟာက
     အခုထိ ဆိုတော့ ဟိုက စိတ်မရှည်လို့ နောက်တစ်ယောက်
     ရှာမှ မင်း မငိုနဲ့ !"

"အဲ့လိုမပြောပါနဲ့ မင်းကလည်း ..."

...."အဲ့တာဆို စကားပြန်ပြောတော့လေ "

"အင်း~~~"

" အံ့ဩပါ့ လှန်ပြတာတောင် မဟုတ်သေးဘူး မတော်တဆကို
   မင်း ဒီလောက် ဖြစ်ပျက်ပြနေရင် နောင်တစ်ချိန် မင်းတို့ အတူတူနေရင်ဘယ်လို လုပ်မလဲ "

"မင်းက ငါ့ကိုပဲ ဆူနေတာ "

..." မင်းက ဟုတ်မှ မဟုတ်တာ ! "

" ......"

...." ကဲ ~~ကဲ မင်း အခုငါနဲ့ ပြောပြီးတာနဲ့ ကတုံးကောင်ဆီ
          ဖုန်းဆက် ! ငါ သူ့ကို ကြည့်မရဘူးသာ ပြောတာဒီလိုကျတော့ သနားတယ် "

" ဟို  မောင်က ခြံအပြင်မှာရှိတယ် ငါ ထွက်မတွေ့ရသေးတာ "

..."ဟုတ်လား  အဲ့တာဆို ဒါပဲ !"

Ti!!  တီခနဲ ချသွားတဲ့ ဖုန်း အား ကြည့်ကာ လမင်းမှာ ငိုမဲ့မဲ့။ သူ့ကို
အကူအညီတောင်းကာမှပဲ သူကချည်း လိမ့်ဆူတာ ခံနေရတယ်။
အပြင်မှာ မောင်ရောက်နေတာ ညနေစောင်းကတည်းက။
ဆောင်းဝင်လာပြီမို့ အအေးက ကဲလာ၏။ ပတ်ဝန်းကျင်ဟာလည်း
အမှောင်ဘက် ရောက်နေပြီမို့ ခြံအပြင်က မောင်သည် အစောနတုန်းက ကျွဲသိမ်းသွားသည်မို့ ခြင်တွေ အဝဲခံရကာ ခြင်အကိုက်ခံနေရလောက်ပြီ။

မောင်နဲ့စကားမပြောဖြစ်တာ ၃ရက်တိတိ။ အမှန်တစ်ကယ်ပြောရရင် လမင်း မနေတတ်တော့ပါ။
အရေးမပါတဲ့ မာနတွေ ကာထားပြီး မောင့်ကို စကားမပြော၊ဖုန်းလည်း blacklist ထဲ ထည့်ထားကာ အက်အသွယ်ဖြတ်ပြီး နေနေမိတာ ။ စဉ်းစားကြည့်တော့  တစ်ယောက်တည်း တစ်ဖက်သတ် အတွေးတွေနဲ့။ 
သို့သော် မောင်ဟာ လမင်း ဒီလိုတွေ လုပ်လို့ အတင်းအကြပ်
ပြောဆို၊ သောင်းကျန်းတာမျိုး မလုပ်ပါပဲ  နေ့တိုင်းလိုလို လမင်း
ဘော်ဒါဆောင်ကို စာသွားပြတိုင်း ဘော်ဒါဆောင်အရှေ့ က လဖ္ဘက်ရည်ဆိုင်မှာ ရှိနေသလို အိမ်ပြန်လာတိုင်းလည်း  ဆိုင်ကယ်ဖြင့် မလှမ်းမကမ်းမှ လိုက်လာတတ်ကာ ခြံရှေ့တွင်  အချိန်အတော်ကြာ ရှိနေတတ်၏။ လမင်းကို ဝင်ခွင့်ပြုဖို့ မောင်ဟာ မတောင်းဆို။ ထိုအစား အရိပ်တကြည့်ကြည့်ဖြင့်သာ။
မောင်ဟာ စတွေ့တုန်းကလို လူဆိုးလေး မဟုတ်တော့။ အရာရာမှာ ရင့်ကျတ်တဲ့ အမျိုးသားအဖြစ် မျက်စိရှေ့တင် ပြောင်းလဲလာ၏။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now