13

5K 271 3
                                    

နေ့လည်ခင်းကတည်းက ဆေးသောက်ပြီး အိပ်ယာထဲ ကွေးနေမိတာ  အိမ်အထိလိုက်ပို့ပေးတဲ့ လေးယောက်ကိုလည်း
ကျေးဇူးတင်စကား ထွက် မပြောမိသလို  စိုင်းဟန်လျှမ်း အခန်းထဲဝင်လာပြီး ' အိုက်လမင်းသာ သက်သာလား'ဆိုတဲ့ အမေးကိုလည်း အိပ်ပျော်ချင်ယောင်ဆောင်ပြီးသာ တုံ့ပြန်မိ၏။
ကောင်း၏ ဆိုး၏ ဘာဆိုဘာမှ ဝေဖန်သွားခြင်း မရှိပေမယ့်
အခုချိန်မှာ လမင်း သူတို့တွေနဲ့ မျက်နှာချင်း မဆိုင်ရဲတာ တစ်ကယ်ပါ။ ကိုယ့်ဖြစ်တည်မှုကြောင့် ရှက်တယ်ဆိုတာ မရှိပါဘူးဆိုရင် လိမ်ပြောရာကြမှာပေါ့။ အနည်းငယ်ရှက်မိပေမယ့်
ကိုယ်ကဒီလို လူမျိုးဆိုတာ သိသွားလို့ အရင်က သူငယ်ချင်းတွေ ရှောင်ဖယ်သွားသလို သူတို့တွေကလဲ ရှောင်ဖယ်သွားရင် ဆိုတဲ့စိတ်၊

အရင်က သူငယ်ချင်းတွေလို

'မင်းက အဲ့လိုလူမို့ ငါတို့နဲ့ဝေးဝေးနေ'
'  မပေါင်းချင်တော့ဘူး'
'အနားကို မလာပါနဲ့လား 'ဆိုတဲ့စကားသံတွေဟာ နားစည်ထဲတွင်
ဓာတ်ပြားဟောင်း ဖွင့်လိုက်သလို တစီစီ ပြန်ကြားယောင်နေရတာမို့
သူတို့တွေသာ တစ်ကယ်တမ်းအဲ့လိုစကားမျိုး ပြောခဲ့ရင် လမင်း
တစ်ကယ် ခံနိုင်ရည် မရှိပါ။ အနီးကပ်ပေါင်းလာတဲ့ စိုင်းဟန်လျှမ်းသာ အရင်လူတွေကို ထပ်ပြီး စွန့်ခွာသွားရင် ဆိုတဲ့ အသိကြီးက တစ်ကယ်ကို ကျွန်တော့်အတွက် အဆင်မပြေပါ။

ကိုယ့်ဖြစ်တည်မှုကို လက်ခံနိုင်သလို
အကောင်းဆုံးလည်း  ရှင်သန် နေထိုင်နေ၏။
သို့သော် ဒီထပ်ပိုပြီး ဘာကိုမှလည်း မဆုံးရှုံးချင်တော့ပါ။
အနည်းငယ် ပျော်ရွှင်နေရဖို့ အတွက် ကျွန်တော်ဘာတွေများ ထပ်ပြီး စတေးနေရအုန်းမှာလဲ။

စဉ်းစားရင်း ကျလာတဲ့ မျက်ရည်တွေအား သုတ်လို့ အနည်းငယ် ပွယောင်းနေသော ဆံပင်တို့အား ပြုပြင်ကာ ခြံအနောက်ဘက် ပန်းစိုက်ခင်း၌ ပန်းဆွတ်နေသော ‌အမေ့အား လုပ်ကူရန် ထွက်လာလိုက်၏။ အိမ်ကို စပြောင်းလာကတည်းက စိုက်ရပျိုးရတာကို ဝါသနာထုံသော အမေက အိမ်နောက်၌ လွတ်နေသော မြေများအား ရှင်းလင်းပေါင်းသင်ကာ အိမ်ဝင်ငွေလေးနှင့် ဟင်းစားတချို့ မပူရအောင်
သီးပင်စားပင် တချို့နှင့် ဂန္ဓမာပန်း၊ မေမြို့ပန်းများ မြေနေရာဆန့်သလောက် စိုက်ပျိုးထား၏။ သဘာဝမြေဩဇာကိုသာ အသုံးများတာမို့ ပန်းတွေဟာ လှလွန်းတာထပ်ပို၍ အိမ်မှာလာဝယ်သည်အထိ ရောင်းအားကောင်း၏။ သီးပင်စားပင်လေးများမှလည်း ရောင်းရတာမျိုး ရှိတာမို့ အိမ်နောက်ဖေးဈေးဆိုင်လေးက
မဆိုးပါဟု မှတ်ချက်ပြုရမည်။

ချစ်ချင်လို့ ချစ်တာ ( Complete)Where stories live. Discover now