မေကုန်းချင်

1.7K 116 0
                                    

Chapter 2: အကောက်ကြံသူ

ပိုးကန့်လန့်ကာများ၏နောက်တွင် ကောင်းကင်သည် အေးမြ၍ ကြည်လင်နေသည်။ ကျယ်ပြန့်လွန်းသော ကောင်းကင်၌ ကြယ်လေးများအနည်းငယ်ကို ကြဲပက်ထားသကဲ့သို့ဖြစ်နေ၍ ထိုကြယ်လေးများကိုကြည့်ရသည်မှာ အထီးကျန်ဆန်လွန်းလှသည်။

ချန်ရုံ ကြေးမှန်ပြင်ဆီမှ အကြည့်လွှဲလိုက်ကာ ညကောင်းကင်ကို ကြည့်လိုက်မိသည်။ ကောင်းကင်အား အချိန်အတော်ကြာမျှ မျက်တောင်မခတ်ပဲ ကြည့်နေပြီးမှ နောက်သို့မှီလိုက်ကာ မျက်လုံးများကိုမှိတ်၍ အချိန်များကုန်သွားစေရန် တိတ်တဆိတ်စောင့်နေလိုက်သည်။

လွန်ခဲ့သောရက်များတွင် ချန်ရုံသည် သူမ၏ အိပ်မက်ဆိုးကဲ့သို့သောအတိတ်များကြောင့် နိုးလာတိုင်း ပြန်မအိပ်တော့ပဲ အရုဏ်တက်မည့်အချိန်ကို ထိုင်စောင့်နေလေ့ရှိသည်။ သူမ အတိတ္ကို တမ်းတနေသောကြောင့် သို့မဟုတ် အမုန်းတရားများက ကြီးမားနေသောကြောင့် မဟုတ်ပေ။ သူမကောင်းကင်ကို တိတ်ဆိတ်စွာကြည့်၍ ပြန်လည်မွေးဖွားလာရခြင်း၏ကံကောင်းမှုကိုသာ ကျေးဇူးတင်မိနေခြင်းဖြစ်သည်။

တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်တဝိုက်တွင် မြူများ ပါးလျစပြုလာသည်။ ထို့နောက် အသံမ်ား တစ္စ နှစ်စကလည်း လတ်ဆတ်သော မနက်ခင်းလေထုထဲ၌ ထွက်ပေါ်လာကြသည်။

အသံမ်ားက အစတွင် တစ္သံ နှစ်သံနှင့် နောက် တဖြည်းဖြည်းနှင့် အသံမ်ားက မ်ားလာကာ ဆူညံစပြုလာသည်။

ခြေသံများထွက်ပေါ်လာသည်။ ထို့နောက် မနေ့ညက ချန်ရုံဆီသို့ လာခဲ့သော သက်လတ်ပိုင်းအမျိုးသမီး၏ နူးညံ့၍ စိတ်ပူသောအသံကို ကြားလိုက်ရသည်။

"အားရုံလေး...နိုးနေပြီလားရှင့်..."

"နိုးနေပါပြီ..."

ချန်ရုံက ပြန်ပြောကာ ကုတင်ပေါ်မှ ထလိုက်သည်။

အမျိုးသမီးက ချက်ချင်း အမိန့်ပေးလိုက်သည်။

"အထဲဝင်ပြီး အားရုံ မျက်နှာသန့်စင်ဖို့ကို ကူပေးလိုက်..."

တံခါးက ကျွိခနဲပွင့်သွားကာ ရေဇလုံကိုကိုင်ထားသော အစေခံတစ်ယောက်ဝင်လာသည်။ သက်လတ်ပိုင်း အမျိုးသမီးကတော့ ချန်ရုံ၏အနောက်သို့သွားကာ ချန်ရုံ၏ ဆံပင်များကို ဖြီးသင်ပေးနေသည်။

မေကုန်းချင်Where stories live. Discover now