မေကုန်းချင်

902 81 1
                                    

Chapter 25

ရိက္ခာဝယ်ယူခြင်း

အံ့ဩသွားရှာသည့်ချန်ဝေ့က " အားရုံ .. နင်သီချင်းဆိုချင်တယ်လို့တော့ ပြောမှာမဟုတ်ဘူးမလား " ဟုမေးမြန်းလိုက်၏။

ချန်ရုံက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သောအခါမိန်းကလေးသုံးယောက်မှာ တစ်ပြိုင်နက်တည်း ရယ်မောကြတော့လေသည်။ကျော်ကြားသောပညာတတ်များစွာသာမက လမ်းခရီးတစ်လျှောက်လုံးတွင် မည်သူကမှ တေးဂီနှင့် မထိတွေ့ခဲ့ကြရပေ။ဤသို့ ထင်ပေါ်ကြီးမြတ်သူများစုဝေးနေကြသောနေရာမျိုးတွင် ကိုယ်ပိုင်အရည်အချင်းအား ထုတ်ဖော်ပြရန်မှာမသင့်တော်ကြောင်း လူတိုင်းက စိုးရိမ်တကြီး သိရှိနားလည်ထားကြသည်။

ချန်ရုံမှာ ငယ်ရွယ်သောကလေးမလေးတစ်ဦးသာဖြစ်ပေ၏။လူထုရှေ့၌တီးခတ်ရန် ဤမျှလောက်အထိ သတ္တိရှိနေသည့်ပုံအရ သူမ၏ဗျပ်စောင်းတီးပုံမှာ အလွန်ကောင်းမွန်သည့်အထဲတွင် ပါဝင်ပါသလော။

" ချန်သခင်မလေးက ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ "

ထိုအချိန်၌ အမျိုးသားသံတစ်သံထွက်ပေါ်လာခဲ့သည်။

ချန်ရုံက ခေါင်းငုံ့လျက်သားနှင့်ပင် ထိုစကားအား ပြန်လည်ဖြေကြားလိုက်လေ၏။

"ကျွန်မတို့ရဲ့ စိတ်နှလုံးတွေအဆင်မပြေတဲ့အခါ ဂီတက ငြိမ်းချမ်းစေတယ် ... စိတ်နှလုံးတွေ ငြိမ်းချမ်းနေတဲ့အချိန်မှာတော့ တေးဂီတက အပန်းပြေစေတဲ့အရာပေါ့  ... တေးသွားနဲ့ကဗျာ ... ဘယ်ဟာကိုရွေးချယ်မလဲ မေးပါရစေ ... "

မိန်းကလေးအချို့က တစ်ခုခုပြောချင်နေကြသော်လည်း လက်ရှိအခြေအနေက ပိုမိုကောင်းမွန်ကြောင်း အတွေးပေါက်သွားကြသည်။ချန်ရုံပြောသောစကားလုံးများထဲမှ အဆင့်အတန်းရှိမှုအား အတိုင်းသားခံစားနေရလေ၏။ဤအချိန်တွင် စကားဖြတ်ပြောပြီး ချန်ရုံ၏ပါးနပ်မှုနှင့်သာ အရောနှောခံလိုက်ရလျှင် သူမတို့မှာ ရိုင်းစိုင်းသည့်အသွင်သဏ္ဌာန်‌ပေါက်သွားလိမ့်မည်။

အထိန်းတော်ဖျင်က ချန်ရုံ့ထံသို့ ဗျပ်စောင်းတစ်ခုအား ယူဆောင်ပေးလာခဲ့သည်။ချန်ရုံက ထိုတူရိယာအား အောက်သို့ချပြီးလက်ချောင်းများကို မြှောက်လိုက်၏။

မေကုန်းချင်Where stories live. Discover now