မေကုန်းချင်

880 70 0
                                    

Chapter-31

ပိုးပန်းခြင်း

ချန်ရုံ၏ခြံဝင်းထဲတွင်ဖြစ်သည်။

အထိန်းတော်ဖျင်မှာ ပျော်ရွှင်စွာပြုံးရယ်ရင်း လူအုပ်ကြီးအား နှုတ်ဆက်နေလေ၏။ မကြာသေးမီက စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ပတ်သက်၍ စိုးရိမ်ခဲ့ရသော်လည်း တစ်ခဏအတွင်း၌ပင် အရာအားလုံးအလျှံအပယ်ပြန်ဖြစ်သွားခဲ့လေပြီ။ပိုးထည်နှင့် အထည်အလိပ်တို့ဖြင့် ပရိဘောဂ ၊အဝတ်အစားသစ်များအား လဲလှယ်နိုင်ရုံသာမက သာမန်အိမ်တစ်လုံးပင် ဝယ်ယူ၍ရသေးသည်။

အထိန်းတော်ဖျင်က ငွေနှင့်ကုန်ပစ္စည်းများအားကြည့်ကာ ချန်ရုံအားတစ်ချက်ပြန်ကြည့်လိုက်၏။သူမ၏သခင်မဖြစ်သူမှာ လေးနက်ပြီးမှန်းဆ၍မရနိုင်ပါ‌ပေ။

ချန်ရုံတစ်ယောက် ဓားမြှောင်ယူပြီးထွက်လာကတည်းက အထိန်းတော်ဖျင်ခမျာ တုန်လှုပ်နေခဲ့သည်။သို့သော်လည်း သခင်မလေးမှာ လုံခြုံစွာဖြင့်စိတ်ချလက်ချ ပြန်ရောက်လာရုံသာမက ဦးရီးတော်ထံမှ ဆုလာဘ်တော်များကိုပင် ရရှိလာသေး၏။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး

များမကြာမီ၌ပင် နေလုံးကြီးက အနောက်ဘက်အရပ်သို့ နစ်ဝင်သွားခဲ့ကာ မီးပုံးများက ထိန်လင်းလာခဲ့သည်။

ချန်ရုံမှာ အိမ်အကူများအား အိမ်တွင်း၌ နေစေရုံသာမက အစေခံများကိုလည်း မီးအိမ် မီးပုံးများမသုံးကြဘဲ အသံမထွက်အောင်နေရန် ညွှန်ကြားထားလေ၏။

ခြံဝင်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။လခြမ်းကွေးဖျော့ဖျော့ကလေးက ကောင်းကင်ယံတွင် ချိတ်ဆွဲထားလျက်ရှိနေပြီး ကျူပင်ရိုက်ခတ်သံများနှင့် ၊ ပုလွေသံတို့က မြေပြင်နှင့် လေထုထဲသို့ ပျံ့လွင့်ကာ လွမ်းဆွေးဖွယ်ရာဆောင်းဦးရာသီနှင့်အတူ ရောယှက်သွားသည်။

ချန်ရုံမှာ သူမ၏ခြံဝင်းထဲတွင် မတ်တပ်ရပ်နေခဲ့ပြီး ပင်မခြံဝင်းဘက်မှ ရယ်မောသံများကို ကြားလိုက်ရလေ၏။ယနေ့ည စုဝေးပွဲက ချန်မျိုးနွယ်ဝင်တိုင်းအတွက် အလွန်အရေးကြီးပြီး ဤပွဲမှတစ်ဆင့် မြောက်ပိုင်းမှ အထက်တန်းလွှာများက သူတို့ပြန်လည်ရောက်ရှိလာကြောင်းကို နန်ယန်မှ အထက်တန်းလွှာများထံ အသိပေးကြမည်ဖြစ်သည်

မေကုန်းချင်Where stories live. Discover now