မေကုန်းချင်

1.3K 101 0
                                    

Chapter 3: ပျံ့နှံ့သွားသော ပိုင်ဆိုင်မှုများ

အဖိုးစွင်း၏ မှာကြားချက်အောက်တွင် အိမ်တော်ထဲမှ လှုပ်ရှားသွားလာနေသောလူများအားလုံး ရပ်တန့်သွားကြသည်။ သူတို့အားလုံးသည် ချန်ရုံအား မော့ကြည့်၍ ချန်ရုံပြောမည့်စကားကို စောင့်နေကြသည်။

ချန်ရုံအနည်းငယ် စဉ်းစားလိုက်ပြီးမှ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ကာ ပြောလိုက်သည်။

"အိမ်တော်ထဲက အေစခံအားလုံးကို စုလိုက်ပါ...ကျွန်မ ပြောစရာတစ်ခုရှိတယ်လို့ ပြောပါ..."

"ဟုတ်ကဲ့ပါ မမေလး..."

"အထိန်းတော်ဖျင်...ပစ္စည်းတွေအားလုံးကို ခြံဝန်းထဲ ရွှေ့ခိုင်းလိုက်ပါ..."

အထိန်းတော်ဖျင်သည် ချန်ရုံအား မျက်နှာဗလာဖြင့် ကြည့်လိုက်မိသည်။ ချန်ရုံက ထပ်ပြောလိုက်မှသာ အထိန်းတော်ဖျင်သည် "ဟုတ်ကဲ့ပါ မမေလး..." ပြန်ပြောလိုက်သည်။ အထိန်းတော်ဖျင်သည် အလွန်စိတ်ရှုပ်နေမိသည်။ မမလေးအားရုံသည် ယခုတေလာ၌ အလွန်ပြောင်းလဲနေလေသည်။ အထိန်းတော်ဖျင်ပင် လိုက်မမှီတော့ပါ။

ချန်အိမ်တော်သည် ယခု မိန်းမငယ်လေး ချန်ရုံတစ်ဦးတည်းသာ ဦးစီးနေရသော်လည်း ချန်ရုံ၏ဖခင်သည် ဖျင်မြို့တော်၏ မြို့စားအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အရာရှိအဆင့်ရှစ်သာဖြစ်သော်လည်း ချန်ရုံ၏ဖခင်သည် ငွေကြေးများစွာစုဆောင်းမိခဲ့သည်။ ချန်ရုံ၏ ဖခင်နှင့် အစ္ကိုတို့ ထွက်သွားသည့်အချိန်တွင် ပိုင်ဆိုင်မှုများစွာကို ယူသွားခဲ့သော်လည်း ကျန်ရှိခဲ့သည့် ပစ္စည်းများကလည်း အိမ်တော်တစ်ခုလုံးစာ ရှိနေသေးသည်။

ဤခေတ်အခါ၌ ရွှေနှင့်ဒင်္ဂါးများသည် သိပ်မလည်ပတ်နိုင်ချေ။ လူများတန်ဖိုးထားသည့် ငွေကြေးအစစ်အမှန်မှာ အစားအစာနှင့် အဝတ်အထည်များသာဖြစ်သည်။ ယခုကဲ့သို့ ဘေးအန္တရာယ်များလွန်းလှသည့် စစ်မက်ဘေးအခြေအနေတွင် ပစ္စည်းများလဲလှယ်ခြင်းကိုသာ တွင်ကျယ်စွာ အသုံးပြုကြလေသည်။

နာရီဝက်အတွင်းမှာပင် အိမ်တော်၏ခြံဝန်းတစ်ခုလုံးတွင် အလုပ်သမားနှင့် အစေခံများပြည့်သွားသည်။ အဖိုးစွင်းသည်လည်း မပြန်သေးချေ။ သူနှင့် ဦးလေးဝူတို့သည် မြင့်မားသောညောင်ပင်အောက်၌ ရပ္ကာ ချန်ရုံရှိရာသို့ စပ်စုသည့်အကြည့်များဖြင့် ကြည့်နေကြသည်။

မေကုန်းချင်Where stories live. Discover now