မေကုန်းချင်

702 46 0
                                    

Chapter 59:

ဧည့်ခံပွဲသို့ တက်ရောက်ခြင်း

ဆရာယွီ ရောက်ရှိလာသည်။

ဆရာယွီသည် စကားတစ်ခွန်းမှမပြောပဲ  မီးပုံးပျံပေါ်ရှိ ဟူစကားလုံးများကိုသာ ကြာမြင့်စွာ စိုက်ကြည့်နေသည်။

လူလတ်ပိုင်းအရွယ် တပ်မှူးက စိတ်မရှည်တော့ပဲ မျက်မှောင်ကျုံ့၍ မေးလိုက်သည်။

"ဆရာယွီ...စာက ဘာရေးထားတာပါလဲ..."

ဆရာယွီက တပ်မှူးအား မော့ကြည့်၍ စာလုံးများကို ထိုးပြကာပြောလိုက်သည်။

"ဒါက ဝမ်...ဒါက ဟုန်..."

"ဝမ်ဟုန် ဟုတ်လား...အဲ့ဒီစာက တကယ်ပဲ ဝမ်ဟုန်လို့ ရေးထားတာလား..."

တပ်မှူးက မေးလိုက်သည်။

ဆရာယွီက ခေါင်းငြှိမ့်လိုက်သည်။

"အနောက်မှာလည်း စာလုံး နှစ်လုံးရှိတယ်...အားရုံတဲ့...ဒါလည်း တစ်ယောက်ယောက်ရဲ့နာမည်ပဲ...တပ်မှူးဝမ် မီးပုံးပျံရဲ့ မျက်နှာပြင်နှစ်ဖက်ကို ပေါင်းလိုက်ရင် စာလုံး လေးလုံးရတယ်...ဝမ်ဟုန်...အားရုံ...နှစ်ခုလုံးက နာမည်တွေပဲ..."

တပ်မှူးဝမ်က ရုတ်တရက် ဘာမှစဉ်းစားမရဖြစ်ကာ တစ်ကိုယ်တည်း ခပ်တိုးတိုးပြောနေ‌သည်။

"ဝမ်ချီလန်လား...ဒီဟာက ဝမ်ချီလန်နဲ့ ပတ်သတ်နေတာလား..."

တပ်မှူး၏မျက်နှာက စဉ်းစားရင်းဖြင့် ပြောင်းလဲသွားပြန်သည်။ အချိန်အတော်ကြာသောအခါမှ တပ်မှူးသည် ဆရာယွီအား ဦးညွှတ်အရိုအသေပေး၍ မေးလိုက်သည်။

"ဆရာ...ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ ထင်ပါသလဲ..."

ဆရာယွီကတော့ ဘာမှမထူးခြားသည့်ပုံဖြင့် ပြန်ဖြေလိုက်သည်။

"ဘာများ အရေးကြီးလို့လဲ...ဒီမီးပုံးပျံတွေကို ဝမ်ချီလန်ကိုပဲ ပြန်ပေးလိုက်ပေါ့..."

ထို့နောက် တပ်မှူးဝမ်၏ တုံ့ဆိုင်းနေမှုကို သတိထားမိသွားသောကြောင့် ဆရာယွီက ထပ်ပြောလိုက်သည်။

"ဝမ်ချီလန်နဲ့ပတ်သတ်မယ်ဆိုရင်တော့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရမယ်..."

မေကုန်းချင်Where stories live. Discover now