chapter 142

343 40 0
                                    

Chapter 142
Imperial MeowJune 19, 2023
Chapter 142

သဝန်တိုခြင်း



အဖိုစွင်းမှာ ပြောနေရင်းဖြင့် ဘေးဘီသို့လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ဦးအားမြင်သောအခါ သူက ပါးစပ်ပိတ်သွားလေသည်။ခေတ္တအကြာ လူရှင်းသောနေရာသို့ရောက်လာသောအခါမှသာ အဖိုးစွင်းက စကားဆက်သည်။

“အားဝေ့ဆို ဒီရက်ပိုင်း ငိုပဲငိုနေတာ ... ဘာမှမလုပ်နိုင်ရှာဘူး ... သခင်မရွမ်ရဲ့မိသားစုကလည်း ‌သေခန်းပြတ်ရှင်ခန်းပြတ်ပဲလို့ ကြေငြာလိုက်ပြီ ... ချန်ယွမ်နဲ့ သူ့ဇနီးကလည်း အိမ်တံခါးပိတ်ပြီးပဲ ငြိမ်ကုပ်နေကြတာ ... အခုဘယ်လောက်ထိအခြေအနေဆိုးလဲ သခင်မလေးမသိပါဘူး ... အစေခံတွေအကုန်လုံးလည်း သခင်မလေးရဲ့ ဦးလေးအခြေအနေကိုသိကြတယ် ... သူတို့က ဘာမှမပြောကြပေမဲ့ ခံစားချက်ကတော့ မတူဘူးပေါ့ ... နန်ယန်မှာရှိတဲ့လူတွေက တစ်မိသားစုလုံးကို နှင်ထုတ်ပစ်ချင်လို့  အစည်းအဝေးတွေ အများကြီးလုပ်နေတယ်လို့လည်း ကြားတယ် ”

ယင်းနောက်တွင် အဖိုးစွင်းက သက်ပြင်းချလျကိ ဆက်လက်ပြောကြားသည်။

" ချန်ယွမ်ရဲ့ဆုတ်ယုတ်မှုက ကျွန်တော်တို့ကိုပါ အတူဆွဲချသွားပေမဲ့  ကံကောင်းစွာနဲ့ သခင်မလေးက ရှိမနေခဲ့ဘူး"

ချန်ရုံမှာ နှုတ်ဆိတ်နေခဲ့လေ၏။

သူမကိုယ်တိုင်းလည်း သေချာပေါက်ပတ်သက်ဆက်နွှယ်နေမည်ကို ချန်ရုံသိသည်။အကယ်၍သာ ချန်အိမ်တော်မှာ နန်ယန်မှနှင်ထုတ်ခံရလျှင် သူမသည်လည်း အတူတကွ နယ်နှင်ခြင်းခံရမည်သာ။

မည်သို့ပင်ဆိုစေကာမူ ချန်ရုံသည် ထိုဆုံးရှုံးမှုကို လုံးဝဂရုမစိုက်ပေ။လက်ရှိအချိန်တွင် ကလဲ့စားချေခြင်း၏ကျေနပ်စိတ်ဖြင့်သာ သူမ၏နှလုံးသားက တဒုန်းဒုန်းခုန်ပေါက်နေလေသည်။

ပျော်ရွှင်မြူးတူးစိတ်အား ချိုးနှိမ်နေရင်း ချန်ရုံက ရန်မင်းအား လှည့်ကြည့်လိုက်သည်။ရန်မင်းမှာ မျက်ဝန်းများကို ပိတ်သိမ်း၍ တရားရှုမှတ်လျက်သားအနေအထားဖြင့်ရှိနေခဲ့ပြီး သူ၏မျက်ခုံးစပ်မှာလည်း တွ့န့်ချိုးနေလေသည်။

မေကုန်းချင်Where stories live. Discover now