Chapter 97
ချန်ယွမ်၏ထိတွေ့ပွတ်သပ်မှုများအောက်တွင် သခင်မလီလည်း ရင်ဖိုကာ ညည်းညူနေမိသည်။ အခန်းထဲမှ အစေခံများသည်လည်း မျက်နှာများနီရဲ၍ အကြည့်လွှဲနေကြရကာ ချန်ယွမ်၏အသံကလည်း သခင်မလီကို ထိတွေ့ရင်းဖြင့် အသက်ရှူသံများပြင်းလာသည်။
"ဝမ်ချီလန်နဲ့ နန်ယန်မင်းသားတို့နဲ့ ကိစ္စအပြီးမှာ အားရုံက တော်တော်တန်ဖိုးတက်သွားလောက်တယ်...အားရုံကို ဘယ်သူ့ဆီကိုပဲ ကိုယ်လုပ်တော်အနေနဲ့ ဆက်သ ဆက်သ ပစ္စည်းဥစ္စာတွေအများကြီးရမှာ သေချာနေပြီ...ဒီတစ်ခေါက်တော့ အဲ့ဒီအခွင့်အရေးကို ငါ ကောင်းကောင်းအသုံးချရမယ်..."
သခင်မလီက သူ၏ရင်ဘတ်ဆီမှ ချန်ယွမ်၏ခေါင်းကို ဖက်၍ ညည်းညူရင်းဖြင့် ပြောလိုက်သည်။
"အရှင်ပြောတာ အရမ်းမှန်ပါတယ်..."
ချန်ရုံသည် ထိုအခန်းထဲ၌ တစ်ညမျှ ပိတ်လှောင်ခံထားရခဲ့သည်။ တစ်ညလုံးလုံး ဆာလောင်မှုဒဏ်ကိုခံပြီးသောအခါ နောက်တစ်နေ့ မနက်စောစော၌ အပြင်မှ အစေခံ၏အသံကို ချန်ရုံကြားလိုက်ရသည်။
"သခင်မလေးအားရုံ...သခင်ကြီးချန်က အားရုံနဲ့တွေ့ဖို့ရောက်လာပါတယ်..."
ချန်ယွမ်က ဒီကိုရောက်လာတာလား...
ချန်ရုံက အလျင်အမြန်ပင် ကုတင်ပေါ်မှ ထရပ်လိုက်သည်။ သော့ခတ်ထားသောတံခါးက ဒေါက်ခနဲ ပွင့်သွားသည်။
လေးထောင့်ကျကျမျက်နှာ၊ မုတ်ဆိတ်မွှေးများနှင့် အပြင်ပုံပန်းကတော့ လူကြီးလူကောင်းပုံပေါက်နေသော ချန်ယွမ်က အခန်းဝ၌ ပေါ်လာသည်။
ချန်ရုံသည် ချန်ယွမ့်အား တွေ့တွေ့ချင်းမှာပင် အသံတိုးတိုးဖြင့် နှုတ်ဆက်လိုက်သည်။
"ဦးလေး..."
ချန်ယွမ်က ခေါင်းတစ်ချက်ငြှိမ့်၍ သူ၏အကြည့်များက ချန်ရုံ၏မျက်နှာမှ ကိုယ်လုံးဆီသို့ ရွေ့သွားသည်။
မှောင်ရိပ်သမ်းသောအခန်းထဲ၌ ရပ်နေသော ချန်ရုံ့ကိုကြည့်၍ ချန်ယွမ်သည် စိတ်ထဲ၌ စဉ်းစားနေမိသည်
အားရုံက မျက်နှာရော ခန္ဓာကိုယ်ရော တကယ်ကို လှတာပဲ...တခြားမိန်းမတွေသာ အားရုံလောက်လှမယ်ဆိုရင် သူတို့ကိုယ်သူတို့ ဒီထက်ပိုလှအောင်ပြင်ဆင်ပြီး သူတို့ရဲ့အလှအပနဲ့ ဘဝကို ကျော်ကြားအောင် လုပ်ကြမှာပဲ...ဒါပေမယ့် ဒီကောင်မလေးကတော့ အဲ့ဒီလိုမဟုတ်ဘူး...အားရုံကိုကြည့်ရတာ အမြဲတမ်းတစ်ခုခုကိုတွေးနေပြီး လျှို့ဝှက်ထားတဲ့အရာတွေရှိနေသလိုပဲ...သူ့ကို ဘယ်သူကမှ ထွင်းဖောက်ပြီး မမြင်နိုင်ကြဘူး...အဲ့ဒါကြောင့်လည်း နန်ယန်မင်းသားက အားရုံကို တမ်းတမ်းစွဲဖြစ်နေပြီး ဝမ်ချီလန်ကလည်း အားရုံကို အရမ်းကာကွယ်ပေးချင်နေတာဖြစ်မယ်...
YOU ARE READING
မေကုန်းချင်
Historical FictionNew Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက်တွင် ချန်ရုံသည် အတိတ်မှ ၁၄ နှစ်အရွယ်၌ ပြန်လည် နိုးထလာခဲ့သည်။ ဂုဏ်သရေကြီးမြင့်သော်လည်း သူတော်ကောင်းယ...