မေကုန်းချင်

1.2K 99 0
                                    

Chapter 4
ကွဲကြေသွားသော ရတနာ

ချန်ရုံ၏လက်ထဲမှ အရာဝတၳုသည် ရောင်ခြည်များဖြာနေသကဲ့သို့ တောက်ပနေလေသည်။ ထိုပစ္စည်းမှာ သုံးလက်မမြင့်၍ သစ်ပင်ကဲ့သို့ ပုံစံရှိသည့် သန္တာကျောက်ဖြစ်သည်။ ပင်လယ်ကြမ်းပြင်၌ ဖြစ်တည်ကြသော သန္တာကျောက်များသည် ရယူရန် အလွန်ခက်ခဲလေသည်။ ထို့အပြင် ချန်ရုံ၏လက်ထဲမှ သန္တာကျောက်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်၍ အပြစ်အနာအဆာလည်း လုံးဝမရှိချေ။

တကယ့်အဖိုးတန်ပစ္စည်းတစ်ခုပါပေ။ ဝူယန်သည် သည်းမခံနိုင်တော့ပဲ ရှေ့သို့ တစ်လှမ်းတိုး၍ အမြန်ပြောလိုက်သည်။

"အားရုံ...မလုပ်ပါနဲ့..."

ချန်ရုံက သူ့အား အံ့ဩစွာကြည့်နေသည်ကို သတိထားမိသွားသောအခါ ဝူယန်သည် ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်း၍ ရှင်းပြလိုက်သည်။

"မမေလးက ခုနကပဲ ပိုင်ဆိုင်မှုတွေအားလုံးကို ခွဲဝေလိုက်ပြီမဟုတ်လား...အခုလောလောဆယ်မှာ ဒီပစ္စည်းတစ်ခုတည်းကသာ အိမ်တော်မှာ အဖိုးအတန်ဆုံးပစ္စည်းဖြစ်နေတာ...မမလေးရဲ့ဖခင် ခ်န္ထားခဲ့တဲ့ နောက်ဆုံးရတနာကိုတောင် မသိမ်းထားပါတော့ဘူးလား...တခြားတစ်ယောက်ကို လွယ်လွယ်နဲ့ ပေးလိုက်တော့မလို့လား..."

ဝူယန္က လေးနက်သည့် လေသံဖြင့် ပြောနေသည်။

"မမေလး အိမ်တစ်အိမ္ကို တည်ဆောက်ဖို့ဆိုတာ ခက်သလောက် ဖ်က္ဆီးဖို့ရေတာ့ အရမ်းလွယ်ပါတယ်...အခုလိုသာ လုပ်လိုက်မယ်ဆိုရင် လူတွေက မမေလးကို အသုံးအဖြုန်းကြီးတဲ့လူလို့ လူတွေမြင်သွားမှာ ကျွန်တော်မျိုးစိုးရိမ်မိပါတယ်..."

"အသုံးအဖြုန်းကြီးတယ် ဟုတ္လား..."

ချန်ရုံက မျက်တောင်တစ်ချက်ခတ်လိုက်သည်။ သူမ၏ နက်မှောင်သောမျက်လုံးများတွင်တော့ လှောင်ပြောင်ရိပ်များသမ်းနေလေသည်။ ချန်ရုံသည် သန္တာကျောက်အား လက်လွယ်စပယ်ပုံစံနှင့် ဆော့ကစားလိုက်သောကြောင့် ဝူယန္သာမက အထိန်းတော်ဖျင်ကပါ ပင့်သက်ရှိုက်မိသွားကြသည်။

ချန်ရုံ၏ နှုတ်ခမ်းများက ရွံရှာသကဲ့သို့ မဲ့သြား၍ ပြောလိုက်သည်။

မေကုန်းချင်Where stories live. Discover now