မေကုန်းချင်

647 42 0
                                    

Chapter 58

မီးပုံးပျံများအား ပစ်ချခြင်း

အစေခံနှစ်ဦးက ချန်ရုံ့အား သနားသည့်အကြည့်ဖြင့်ကြည့်၍ ပြန်ဖြေလိုက်ကြသည်။

"ဟုတ်ကဲ့..."

မကြာခင်မှာပင် ဝါးဖြတ်စများနှင့် ‌ဖယောင်းတိုင်များသည် ချန်ရုံ့ရှေ့သို့ရောက်လာကြတော့သည်။

ချန်ရုံသည် အိန္ဒြေသိက္ခာများကို ဂရုမစိုက်နိုင်တော့ပဲ ဆောင့်ကြောင့်ထိုင်ချကာ မီးပုံးပျံများပြုလုပ်ခြင်း၌သာ အာရုံစိုက်နေတော့သည်။

ညက တဖြည်းဖြည်းကုန်ဆုံးသွားသည်။

တောက်ပနေသော နဂါးငွေ့တန်းတစ်လျှောက် ကြယ်များ ပြည့်နေသည်။ အချိန်ကုန်သွားသည်နှင့်အမျှ မီးပုံးပျံများကလည်း တစ်ခုပြီး တစ်ခု ကောင်းကင်သို့ ပျံလွင့်ကုန်ကြသည်။

ချန်ရုံသည် လက်ကို ဖြန့်လိုက်၍ လက်ဖဝါးပေါ်မှတစ်ဆင့် ကောင်းကင်ပေါ်သို့ မြင့်တက်သွားသော မီးပုံးပျံကို‌ ငေးကြည့်နေမိသည်။ ဖယောင်းတိုင်၏ အနီရောင်မီးရောင်အောက်တွင် မီးပုံးပျံ၏စက္ကူပေါ်မှ လုလင်ပျိုသည် ချန်ရုံ မကြည့်ရဲသော အေးစက်စိမ်းကားသည့်အကြည့်မျိုးဖြင့် ခပ်ဖျော့ဖျော့ပြုံးနေလေသည်။

ခံတပ်တံတိုင်းပေါ်တွင်..

သူ့နားသို့ ဖြည်းညှင်းစွာချဉ်းကပ်လာသော တပ်မှူးကိုတွေ့၍ စစ်သားသည် ဦးညွှတ်အရိုအသေပြုလိုက်သည်။

"မင်္ဂလာပါ တပ်မှူး..."

တပ်မှူးက ခေါင်းငြှိမ့်လိုက်သည်။

တပ်မှူးသည် အရှေ့၌ရှိနေသော မှောင်မိုက်နေသည့် တောအုပ်ကို လှမ်းကြည့်လိုက်သည်။ သူ့ရှေ့မှ မြင်ကွင်းသည် ကြယ်ရောင်လေးသာရှိ၍ မှောင်မည်းနေလေသည်။ ထိုမြင်ကွင်းမှာ တောမီးကြောင့် ဤသို့ဖြစ်သွားရခြင်း ဖြစ်သည်။

လောယန်မြို့သိမ်းပိုက်ခံရစဉ်ကလည်း တပ်မှူးသည် ဤသို့ပင် ပထမဆုံး လုပ်ခဲ့သည်။

တပ်မှူးသည် ခံတပ်ပေါ်၌ တိတ်ဆိတ်စွာရပ်၍ မိုးကုတ်စက်ဝိုင်းဆီသို့ ငေးကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

မေကုန်းချင်Where stories live. Discover now