မေကုန်းချင်

944 87 0
                                    

Chapter 22: Déja Vu

အလွန်လျင်မြန်စွာပင် ချန်ရုံ၏မြင်းရထားလုံးသည် လူတန်း၏ရှေ့သို့ ရောက်လာလေသည်။

လူကြီးအများစုသည် ရန်မင်းနှင့် စကားပြောနေကြသည်။ သူမသည် အခွင့်မသင့်သည့် အချိန်တွင် ရောက်လာသောကြောင့် ချန်ရုံသည် ဘေးဘက်တွင်သာ ရပ်နေလေသည်။

လှပနုနယ်သော မိန်းကလေးသည် နောက်ဆုံးတွင်တော့ သူမ၏အကြည့်သည် ပြန်လည်ရရှိပြီဖြစ်သည်။ သူမ ချန်ရုံကိုမြင်သောအခါ သူမသည် အစေခံတစ်ယောက်၏အကူအညီဖြင့် သူမဆီချဉ်းကပ်လာပြီး အပြုံးဖြင့်ကြည့်လေသည်။ “နင်က အားရုံလား? သူတို့တွေမင်းအကြောင်းကို စောနလေးကမှပြောနေတာလေ။ သူတို့တွေမင်းကို ချီးကျူးနေကြတာ။”

“ငါ့နာမည်က ချန်ဝေ့ပါ။” ထို့နောက်တွင် သူမထပ်ပြောလေသည်။ “ငါက နင်ရဲ့ အစ်မဝမ်းကွဲပါ။”

ဟုတ်ပါသည် ချန်ရုံသည် သူမက သူမ၏ဝမ်းကွဲဆိုသည်ကို သူမသိလေသည်။

“မင်းဘယ်လိုနေလဲ” သူမသည် သူမအကြည့်ကျဆင်းနေတုန်း သူမအသံကို မြှင့်၍ မေးလိုက်သည်။ သူမသည် သူမ မရည်ရွယ်ဘဲနှင့် သူမအဝတ်အစားများ လိမ်ကျစ်နေမိသည်ကို တွေ့သွားသောအခါ အသက်ပြင်းပြင်းရှူ၍ ဆုပ်ကိုင်ထားမှုကို ဖြေလျှော့လိုက်လေသည်။

ချန်ဝေ့သည် ရှက်သွေးဖြာနေလေသည်။ သူမ၏လှပသောမျက်နှာတွင် အပျိုစင်မိန်းမငယ်လေးများတွင် ပိုင်ဆိုင်လေ့ရှိသော ရှက်သွေးဖြာနေမှုကိုတွေ့ရလေသည်။ သူမသည် ရန်မင်းကို နောက်ထပ်တစ်ကြိမ် အိမ်မက်မက်နေသည့်အလား စိုက်ကြည့်၍ ချန်ရုံကို အမြော်အမြင်မရှိစွာ မေးလိုက်လေသည်။

“အားရုံ သူက တကယ်ကို လေးစားမှုနဲ့ ထိုက်တန်တဲ့ လူမဟုတ်လား?”

သူမပြောလိုက်သည့် “သူ” ဆိုသည်မှာ အတိအကျကို ရန်မင်းဖြစ်လေသည်။

ချန်ရုံသည် သူမအကြည့်ကို သူ့ဘက်သို့ လှည့်လိုက်လေသည်။ ဒီတစ်ကြိမ်တွင် သူသည် အပြုံးဖျော့ဖျော့လေးရှိနေပြီး သူ၏နက်မှောင်သော မျက်လုံးမှ မီးတောက်များ ကင်းစင်နေ၍ သူ့ကြည့်ရသည်မှာ အများကြီးနူးညံ့နေပုံရသည်။

မေကုန်းချင်On viuen les histories. Descobreix ara