မေကုန်းချင်

499 44 0
                                    

Chapter 83

သူမ၏ထင်မြင်ချက်အား ထုတ်ဖော်ပြောဆိုပြီးသည်နှင့် လူအားလုံးက အကြည့်ချင်းဖလှယ်လာကြတော့သည်။

‌၎င်းရိုးရှင်းသောသရုပ်ဖော်မှုတွင် စစ်ဘက်ဆိုင်ရာ ဗဟုသုတများစွာပါ၀င်ပြီး နည်းဗျူဟာများအ‌ကြောင်းကိုလည်း ရာသီဥတုသကဲ့သို့ လင်းလင်းထင်းထင်းဖြစ်အောင် ချန်ရုံက ရှင်းပြခဲ့သည်။

"ဘယ်လိုသိတာလဲ သခင်မလေး"

“ စစ်နည်းဗျူဟာတတ်ကျွမ်းတဲ့လူကို ဘာလို့အနောက်တံခါးဘက်ကို သွားကြည့်ဖို့ မလွှတ်သေးတာလဲ ”

အမှုထမ်းဖြစ်သူက ခေါင်းတညိတ်ညိတ်ဖြင့် အနောက်မှ ပိန်ပိန်ရှည်ရှည်လူတစ်ယောက်အား လှည့်ကြည့်လေ၏။

ထိုအခါ ယင်းလူက ချက်ချင်းဆိုသလိုပင် ချုံပုတ်များကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

" အခုချိန်ထိ လမ်းတစ်လျှောက်လုံး သူတို့ကင်းပုန်းတွေနဲ့ ပက်ပင်းမတိုးမိသေးဘူး ...  အရပ်သားတွေကိုသာ အနောက်တံခါးကနေ ထွက်ပြေးဖို့ တွန်းအားပေးချင်တယ်ဆိုရင် ဘာလို့ပိုကောင်းတဲ့ အစီအစဉ်တွေကို မသုံးကြတာလဲ "

အချိန်အတော်ကြာ ငြိမ်သက်သွားပြီးနောက် ချန်ရုံက ပြန်လည်ဖြေကြားခဲ့၏။

" မူရုံခယ်ရဲ့အစီအမံတွေကိုသာ ကျွန်မတို့လိုလူတွေက ကွက်ကွက်ကွင်းကွင်းမြင်နိုင်ရင် သူက ကျော်ကြားတဲ့ စစ်ဗိုလ်ချုပ်ကြီး ဖြစ်နေစရာအကြောင်းမရှိဘူး " 

ချန်ရုံက တိကျသေချာသောလေသံဖြင့် တစ်လုံးချင်း ပြောလာခဲ့ပြီး ထိုစဂာားများ၌ တစ်ခုထက်ပိုသောအဓိပ္ပါယ်များပါဝင်သည်။

အံ့အားသင့်သွားရှာသည့်အမှုထမ်းက တစ်ကိုယ်တည်းတွေးတောရင်း နောက်ဆုံးတွင်မူ အခြေအနေဆန်းစစ်ရန်သွားသောသူပြန်လာမည့်အချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့၏။

နာရီဝက်မပြည့်မီမှာပင် ထိုလူ ပြန်ရောက်လာပြီး လက်နှစ်ဖက်အား ယှက်နွှယ်ရင်း အခြေအနေအရပ်ရပ်အား အစီရင်ခံလာလေသည်။

" အနောက်တံခါးအပြင်ဘက်မှာ အခြေအနေငြိမ်နေပါတယ် ...  ထောင်ချီတဲ့လူတွေက ဘေးပတ်ပတ်လည်မှာ လဲလျောင်းပြီး အေးအေးလူလူဖြစ်နေကြတဲ့ပုံပါပဲ ... ကျွန်တော်တို့ လှုပ်ရှားလို့ရမယ်ထင်တယ် "

မေကုန်းချင်Where stories live. Discover now