မေကုန်းချင်

852 71 0
                                    

Chapter-28

မဖုံးမဖိနိုင်

ချန်ဝေ့ထွက်သွားပြီး သိပ်မကြာခင်မှာပင် အထိန်းတော်ဖျင်က ပြန်ရောက်လာခဲ့သည်။သို့သော်လည်း သမားတော်ပါမလာပေ။အခန်းထဲတွင် ကြံရာမရဖြစ်စွာလှည့်ပတ်သွားလာနေသောချန်ရုံအား အထိန်းတော်ဖျင်က မေးလာခဲ့သည်။

“ သခင်ကြီးက မမလေးအတွက် ဂျင်ဆင်း ပို့ပေးလာတယ် ... သခင်မလေးကို ကောင်းကောင်းဂရုစိုက်လိုက်ပါတဲ့ ... ပြီးတော့ ... သခင်မလေးက ကျန်းမာရေးကောင်းပြီးဝောာ့ အခုလိုနေမကောင်းဖြစ်တာက ယုတ္တိမရှိဘူးလို့ပြောတယ် ... တကယ်နေမကောင်းဖြစ်နေတယ်ဆိုရင်တောင်မှ ရက်နည်းနည်းလောက် တောင့်ခံပြီးသွားပြီတဲ့ ... မနက်ဖြန်ညကျရင် လူငယ်တွေအများကြီးလာကြမှာ ... သခင်မလေး ပွဲတက်သင့်တယ်လို့ ပြောလိုက်ပါတယ် "

ထိုအခိုက်အတန့်တွင် အထိန်းတော်ဖျင်က ချန်ရုံ့အား စိတ်အားထက်သန်စွာ ကြည့်နေခဲ့ပြီး သဘောတူညီပေးရန်မျှော်လင့်နေပုံပင်။

အထိန်းတော်ဖျင်၏အမူအရာကိုမြင်လိုက်ရသောချန်ရုံတစ်ယောက် ခေါင်းထိုးကိုက်သွားတော့သည်။ဤလိုပုံစံဖြစ်နေသောအထိန်းတော်၏စကားကြောင့် သူမနေမကောင်းဖြစ်နေကြောင်းကို မယုံကြည်ခြင်းမှာ မဖြစ်နိုင်စရာမရှိပါပေ။

ချန်ရုံက ခေတ္တအတွေးများနေပြီး မျက်လွှာချလျက်ပြောလိုက်သည်။

" ဆက်မပြောနဲ့တော့ ... အခုချိန်ကစပြီး တအားကို စိုးရိမ်သောကရောက်နေတဲ့ပုံစံဖမ်းနေ ... သခင်ကြီးက မနက်ဖြန် လူလွှတ်လိုက်ရင် အဖျားပြင်းလွန်းလို့ အိပ်ရာကတောင် မထနိုင်ဘူးလို့ပြောရမယ် ”

ချန်ရုံက အထိန်းတော်ဖျင်အားတစ်ချက်ကြည့်လိုက်ပြီး ရှင်းပြရန် ဆုံးဖြတ်ခဲ့၏။

“သေချာစဉ်းစားကြည့်နော် အထိန်းတော်ကြီး .... မနက်ဖြန်ညမှာ လူလွတ်တွေအများကြီးရှိမယ် ...  ဒါပေမဲ့ ကျွန်မရဲ့အဆင့်အတန်းအရဆိုရင် ကျွန်မက ကိုယ်လုပ်တော်နေရာပဲရမှာ ...  ဟုတ်တယ်မလား” 

ချန်ရုံက ခေတ္တစကားရပ်လိုက်ပြီး သူမ၏မျက်ဝန်းများထဲတွင် လိမ္မာပါးနပ်သော အရိပ်အယောင်များ ပြည့်နှက်နေသည်။

မေကုန်းချင်Where stories live. Discover now