မေကုန်းချင်

953 84 0
                                    

Chapter 23

ချန်ရုံစိုက်ကြည့်နေတုန်းတွင် သူမ၏နောက်မှ ကြည်လင်သောအသံတစ်သံထွက်ပေါ်လာသည်။ 

“အားရုံ?”

ဝူလန်ဖြစ်ပေသည်။ 

ချန်ရုံလှည့်၍ စကားပြောလိုက်သည်။ 

“မင်္ဂလာပါနော် ဝူလန်”

“ငါနဲ့မင်းနဲ့ ကြားမှာ ဒီလိုလုပ်ရိုးလုပ်စဉ်တွေ မလိုပါဘူး။” 

ဝမ်ဝူလန် သူ၏ရထားလုံးမှ ခုန်ဆင်း၍ ချန်ရုံဆီသို့သွားလိုက်သည်။ သူခဏလောက် ချီတုန်ချတုန်ဖြစ်ပြီးနောက် မေးလိုက်သည်။ 

“အားရုံ မင်းအဖေနဲ့မင်းအစ်ကို ကျန့်ခန်းမှာ အခြေအနေဘယ်လိုလို့ မင်းဦးလေးပြောလဲ?”

“သူတို့ အခြေအနေဘယ်လိုနေလဲ?” ချန်ရုံသူ့ကို သရော်ဟန် ပြုံတုံတုံဖြင့် ကြည့်လိုက်သည်။

“ဒါက သူတို့ အခုဘယ်ရာထူးအဆင့်မှာရှိနေလဲ?” 

သူဒီစကားများပြောလိုက်ချင်း ဝမ်ဝူလန်သည် သူကိုယ်တိုင်ထပ်ပြောလိုက်လေသည်။ “ငါမေးကြည့်ရုံပါပဲ မေးကြည့်ရုံတင်”

ချန်ရုံသူ့ကိုကြည့်လိုက်သည်။ အပြုံသေးသေးပေးလိုက်ပြီးနောက် သူပြန်သွားမည်အလုပ်တွင် ရုတ်တရက်ပြန်ဖြေလိုက်သည်။ “ကျွန်မထင်တာတော့ အဖေက အဆင့်ရှစ် တရားသူကြီး ပဲဖြစ်တယ်ထင်တယ်။”

ဝမ်ဝူလန် သူမပြောပြီးနောက် သူခဏရပ်နေလေသည်။ သူမျက်မှောင်ကြုတ်လိုက်ပြီး သူမေးလိုက်သောအခါ သူ့မျက်နှာသည် အနည်းငယ်တည်ကြည်နေသည်။ 

“အဲ့လိုလား?” သူ့အသံသည်စိတ်ပျက်နေပုံရလေသည်။ သူသည် သူမကိုခေါင်းညိမ့်ပြပြီးနောက် ထွက်ခွာသွားတော့သည်။

သူသည် ခုနစ်ယောက်မြောက်သခင်မလေး၏ရထားလုံး နီးကပ်လာရုံရှိသေးသည့်အချိန်တွင် ထွက်ခွာသွားလေသည်။ သူမသည် ချန်ရုံကို စိုက်ကြည့်ပြီးနောက် သူမ၏အစ်ကိုကိုမေးလိုက်သည်။

“ငါးယောက်မြောက်အစ်ကို သူမဘာပြောလဲ?”

ဝမ်ဝူလန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် မပျော်ရွှင်စွာပြောလိုက်လေသည်။ “သူမအဖေနဲ့အစ်ကိုက အဆင့်ရှစ်အရာရှိငယ်တွေပဲရှိသေးတယ်။”

မေကုန်းချင်Onde histórias criam vida. Descubra agora