မေကုန်းချင်

515 41 0
                                    

Chapter 82

ရန်သူ့နှာခေါင်းပေါက်ဝသို့ ယုံကြည်ချက်ရှိရှိ ဝင်ရောက်ခြင်း

ချန်ရုံက ကန့်လန့်ကာကိုရုတ်လိုက်ပြီး လှည်းအောက်သို့ ဆင်းကာ ထိုလူဆီသို့ လျှောက်လှမ်းသွားသည်။ထို့နောက်တွင် သူမက ကျောက်စိမ်းအဆင်တန်ဆာအား ထုတ်ဖော် ပြသလေ၏။

"ဒါက ချီလန်ပေးခဲ့တဲ့ ကျောက်စိမ်းတန်ဆာပါ "

" ကြိုဆိုပါတယ် သခင်မလေး ... "

၎င်းအားမြင်သောအခါတွင် တစ်ဖက်အမျိုးသားမှာ ဦးညွှတ်လာခဲ့ပြီး လေသံကလည်း ချက်ချင်းပြောင်းလဲသွားသည်။

သစ်ပင်များ ၊ ကျောက်ဆောင်များဖြင့်ပြည့်နှက်နေသော ခြံဝင်းထဲသို့ဝင်လိုက်သည်နှင့် ရပ်ထားလျက်ရှိသည့် လှည်းရထားတွဲဆယ်စီးနှင့် သံချပ်ကာဝတ်ဆင်ထားကြသော အစေခံအ‌ယောက်တစ်ရာတို့အား ချန်ရုံ တွေ့ရှိခဲ့ရသည်။

သူတို့အားလုံးက သန်မာတောင့်ဖြောင့်ကြလေ၏။

ချန်ရုံ ဝင်လာသည်ကို တွေ့သောအခါတွင် ထိုသူများက သူမအား စိုက်ကြည့်လာကြသည်။

" ကျွန်တော်တို့အားလုံး ပြင်ဆင်ပြီးသွားပါပြီ ... အခု ထွက်ခွာကြတော့မလို့ပါ "

အနောက်ရှိလူက ချန်ရုံ့အား ရှင်းပြ၏။

" ကျွန်မ သိတယ် "

ချန်ရုံ၏အဖြေကြောင့် တစ်ဖက်လူမှာ အနည်းငယ် အံ့အားသင့်သွားသည်။

ချန်ရုံက ခြေလှမ်းများအား ရပ်တန့်လိုက်ပြီး အစေခံများရှိရာဘက်သို့လှည့်ကာ ခေါင်းငုံ့လျက် ပြတ်သားသောလေသံဖြင့်  " မောယန်ကိုအတူလိုက်ခဲ့ပါ့မယ် " ဟုဆိုလာလေ၏။

" သခင်မလေး"

အဖိုးစွင်းက တုန်လှုပ်ခြောက်ခြားစွာပြောလာသော်လည်း ချန်ရုံမှာ မည်သည်ကိုမှ မတုံ့ပြန်ပေ။သူမသည် ကျစ်လျစ်သော ကိုယ်နေဟန်ထားအား ဆက်လက်ထိန်းသိမ်းထားပြီး ဆုံးဖြတ်ချက်ပြတ်သားပုံပေါ်သည်။

အစေခံများသည်လည်း အကြည့်ချင်းဖလှယ်နေကြကာ ချန်ရုံ့အားစိုက်ကြည့်နေသောအမှုထမ်းတစ်ဦးထံသို့ လှည့်လိုက်ပြီး  "သူက ချန်အိမ်တော်က အားရုံလားဗျ "  ဟု မေးမြန်းလာကြ၏။

မေကုန်းချင်Where stories live. Discover now