chapter 143

308 36 0
                                    

Chapter 143
Imperial MeowJune 19, 2023
Chapter 143





မြှားတစ်စင်းသကဲ့သို့ လျင်မြန်စွာထွက်ခွာသွားသည့်ရန်မင်းအား လှမ်းမြင်လိုက်သောတပ်သားများက ထိတ်လန့်တကြားဖြစ်ကာ အနောက်မှ လိုက်ရန်ပြင်သည်။တစ်ချိန်တည်းမှာပင် တပ်သားတစ်ယောက်က ဝင်ရောက်မှတ်ချက်ပြုလာခဲ့၏။

“ တပ်မှူးက သူ့တွဲဖက်ကို ရှာတွေ့သွားပြီကွ "

ကျန်းမာရေးအားနည်းပြီး ပညာတတ်တစ်ဦးကဲ့သို့ အသွင်အပြင်ရှိသည့် အခြားတစ်ဦးကလည်း အဝေးမှရုပ်သွင်များကို လှမ်းမျှော်ကြည့်ကာ စိတ်သက်သာရာရသောလေသံဖြင့် ဝင်ရောက်ပြောဆိုလာလေသည်။

“ တပ်မှူးက အမြဲတမ်းပြောခဲ့ဖူးတယ် ... သူ့ရဲ့ဘဝကို လက်နက်တွေနဲ့ပဲအတူ ကုန်ဆုံးရရင် လုံလောက်ပါပြီတဲ့ ... ဒါပေမဲ့ အနောက်ပိုင်းချူဘုရင်လိုမျိုး တစ်နေ့နေ့မှာ အလှလေးတစ်ယောက်ကို ထွေးပွေ့ထားရမယ်လို့ သေချာပေါက် မျှော်လင့်ထားခဲ့မှာမဟုတ်ဘူး ... နားထောင်ကြည့်ပါဦး ... ရယ်သံကြီးက ဘယ်လောက်တောင် ကျေနပ်‌နေလိုက်သလဲ”

ထိုစကားကြောင့် တပ်သားများ အူတက်ကုန်ကြသည်။

ရုန်းရင်းဆန်ခတ်ရယ်မောသံများနှင့် မြင်းခွာသံများက တိတ်ဆိတ်ငြိမ်သက်သောတောအရပ်၌ နှစ်သိမ့်မှုကိုပေးစွမ်းလေ၏။

မျက်စိတစ်မှိတ်အတွင်း၌ ရက်အနည်းငယ်ကုန်လွန်သွားသည်။

ကန့်လန့်ကာနောက်ကွယ်၌ ထိုင်နေသောချန်ရုံမှာ  စုတ်တံကို ချလိုက်ပြီး အရှေ့မှ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသောမျက်ဝန်းများထံသို့ အကြည့်လွှဲလိုက်သည်။

ထိုအခါ သူမ၏အရှေ့တွင်ရှိနေသောရန်မင်းက ထိုင်နေရာမှထရပ်ကာ ကင်းထောက်ဖြစ်သူအား မေးမြန်းလေတော့၏။

" မူရုံခယ် လာပြီလား ... "

" လာနေပါပြီ ... "

"ဒီကနေ ဘယ်လောက်ဝေးလဲ"

" မိုင်ငါးဆယ်နီးပါးလောက်ပေါ့ ... ဒီနှုန်းအတိုင်းဆို မနက်ဖြန်ကျရင် နန်ယန်ကို ဝိုင်းထားနိုင်လောက်ပြီ ...  ဟူတပ်တွေက နန်ယန်ကို အဘက်ဘက်ကနေ ဝိုင်းထားကြတယ် ... တပ်မှူးမူရုံခယ်က အရမ်းသတိကြီးပါတယ် ... "

မေကုန်းချင်Where stories live. Discover now