မေကုန်းချင်

622 50 0
                                    

Chapter 78

ယမန်နေ့က အခြေအနေကောင်းနေခဲ့သည်။သို့သော်လည်း ယနေ့၌ ထိုနှစ်ယောက်က အဘယ်ကြောင့် အရာရာကို အကျည်းတန်သွားစေလေပါသနည်း။ချန်ရုံနားမလည်နိုင်တော့ပေ။ သူမက အခန်းဆီသို့ လျှောက်လှမ်းသွားလျက် တွေးတောနေခဲ့သည်။

ဤသည်မှာ ချန်စန်းလန်ကြောင့်ပင် ဖြစ်ရမည်။ထိုနှစ်ယောက်မှာ ပညာတတ်များက ချန်စန်းလန်အား လျစ်လျူရှုတ်ချသည့်အရေးနှင့်ပတ်သတ်၍ သူမအပေါ် အာဃာတ ထားနေပုံရ၏။သူမထံတွင် အကာအကွယ်တစ်စုံတစ်ရာမရှိသဖြင့် မည်သည်ကိုမှဂရုမစိုက်ဘဲ ဖြတ်နင်းသွား၍ရသည်ဟု လူတိုင်းက တွေးတောနေကြပုံပင်။

ချန်ရုံမှာ ဟာသဉာဏ်ရွှင်စွာပြေပြေပြစ်ပြစ်တုံ့ပြန်တတ်သူမဟုတ်ဘဲ စိတ်မြန်လက်မြန်ရှိသူဖြစ်သည်။သူမသည် ထိုအားနည်းချက်အား ‌ ကောင်းစွာနားလည်သည်ဖြစ်၍ ပဋိပက္ခများကို အတတ်နိုင်ဆုံးရှောင်ရှားရန်ကြိုးစားခဲ့လေသည်။သို့သော်လည်း ယခု၌ ထိုသူတို့က သူမအား ယခင်ကထက် ပို၍ချုပ်တည်းထားရန် လိုလားနေကြပါသလော။

သူမသည်လည်း မထီမဲ့မြင်ပြုတတ်သည်။

အားနည်းသူဖြစ်သည့်သူမအား အလွယ်တကူတွန်းထုတ်နိုင်သည်ဟူ‌သော ထိုသူတို့၏အတွေးများအား ဇီဝိန်ချုပ်ပေးရန် လိုအပ်လာပေပြီ။

ချန်ရုံက တွေးတောနေရင်းဖြင့် သူမ၏ဓားမြှောင်အား ညာဘက် အင်္ကျီလက်ထဲသို့ထိုးထည့်ပြီး အပြင်ထွက်သွားခဲ့သည်။

သိပ်မကြာခင်၌ပင် ချန်ရုံမှာ မိန်းကလေးရွမ်၏ခြံအပြင်ဘက်၌ လှလှပပလေး ပေါ်ပေါက်လာခဲ့၏။

သူမက တံခါးဝတွင် ရပ်ကာ အစေခံတစ်ယောက်အား တိုးတိုးတိတ်တိတ် မေးလိုက်သည်။

" အဒေါ် အိမ်မှာရှိလား ...အားရုံ တွေ့ချင်လို့ပါ "

ထိုအစေခံက သူမအား စူးစူးဝါးဝါး စိုက်ကြည့်နေစဉ်တွင် အခြားအစေခံတစ်ဦးက ထိုတစ်ယောက်၏အနားတိုးသို့ကပ်လာပြီး တစ်စုံတစ်ရာကို တီးတိုးပြောလိုက်သည်။

ယင်းအစေခံကလည်း ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ခဲ့ပြီးနောက်တွင် ချန်ရုံအား ပြန်လည်တုံ့ပြန်လာခဲ့၏။

မေကုန်းချင်Where stories live. Discover now