AN/ Part 1မဖတ်ခင် Introကို ပြန်ဖတ်ပေးပါ...။ အခုမှ အပိုင်းသစ်တင်တာဆိုတော့ မူလအစကို မေ့သွားမှာစိုးလို့...။
“စာမျက်နှာ ၂၄ကိုဖွင့် ပုစ္ဆာအသစ်တက်မယ်…..”
စာရွက်လှန်ရင်း အလုပ်များနေတဲ့အထဲမှာ ကျွန်တော့ဘေးကကောင် မပါဘူး…..။ ကျောင်းသားတွေအသီးသီး စာမျက်နှာရှာတွေ့လို့ ပုစ္ဆာကို အသံကျယ်ကျယ်နဲ့ ဖတ်နေကြတဲ့အချိန်ထိ လွယ်အိတ်ထဲ မွှေနှောက်ရှာနေသေးတာကြောင့် ကျွန်တော် သိလိုက်ပြီလေ…။သူ့မှာ စာအုပ်မှ ပါမလာဘဲကို…။
ပထမဆုံးကျောင်းတက်ရက်မှာ စာအုပ်စုံလင်အောင်ထည့်မလာတဲ့ ကျောင်းသားသစ်မျိုးက တော်တော်ကို ရှားမှရှားပဲ….။
သူ့မှာ စာအုပ်မပါလာမှန်းသိတော့မှ မျက်လုံးလေး ကလယ်ကလယ်နဲ့ တစ်ခန်းလုံးဝေ့ဝဲကြည့်နေတဲ့ကောင်ကို နားထဲကပ်ပြီး ပြောထည့်လိုက်ချင်ပါရဲ့…။
ငါမင်းဘေးမှာထိုင်နေတာ အလကားမဟုတ်ဘူး….။ စာအုပ်ပြဖို့ ပြောလို့ရတယ်လို့လေ…။
စာအုပ်ပါလာတဲ့ ကျွန်တော်ကသာ သူ့ထက်ပိုပြီး ဂဏာမငြိမ်ဖြစ်နေမိတာ ကိုယ်တော်ချောကတော့ ခပ်အေးအေးပဲ…။ ရုပ်တည်ကြီးနဲ့ မြန်မာဖတ်စာအုပ်ကို ရှေ့ချပြီးစာအုပ်ပါလာသလို ဟန်ဆောင်နေတာ….။ နောက်တော့ မနေနိုင်ဘဲ ကူညီကယ်တင်ချင်သူကြီး ကျွန်တော်မောင်အလင်းဝေက ဖတ်စာအုပ်ကို ဘေးတိုးပေးဖို့ လုပ်လိုက်တယ်ပေါ့…။
“အတူတူ……”
စကားတောင်မဆုံးလိုက်ရဘူး…။.အရှေ့တန်းမှာထိုင်တဲ့ ချစ်မြတ်နိုးဆိုတဲ့ ကောင်မလေး အနောက်လှည့်လာလို့ ကျွန်တော်လည်း စာအုပ်ကို မသိမသာ ပြန်ရုတ်လိုက်တယ်…။
အစကတည်းက အသံကလည်း သိပ်မထွက်တော့…ချစ်မြတ်နိုးမပြောနဲ့ ကျွန်တော်နဲ့ ဘေးကပ်ရပ်ထိုင်နေတဲ့ ငွေရှိုင်းတောင်မှ ကျွန်တော်ပြောတာကို မကြားလိုက်ဘူး….။
“နင့်မှာစာအုပ်မပါရင် ငါ့စာအုပ်ငှားမယ်လေ….”
သူ့အာရုံတွေကို အနောက်တန်းကိုပဲ ပို့ထားသလား မသိဘူး…။ ချက်ချင်းလက်ငင်း ဖတ်စာအုပ်ထိုးပေးလာတဲ့ ပါကြီးမကို ကြည့်ပြီးရယ်ချင်လိုက်တာ…။
YOU ARE READING
ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)
General Fiction(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရတဲ့ ငါ့အဖြစ်က...နေလို.... (Unicode) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရတဲ့...