Part 17(Unicode)

772 82 2
                                    

ပြဿနာမှာ ရုံးခန်းရောက်တဲ့အထိ ကြီးကျယ်သွားလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့ပေ။ ကျွန်တော့မှာ အထိုးလည်းခံရသေး၊
မေးတာမဖြေလို့ ဆရာမတွေဆီမှာ အဆူလည်းခံရသေး။ angry birdအနီကောင်သည်လည်း နှုတ်ဆိတ်နေသည်။ ဆရာမကြီးက အကျယ်အကျယ်မဖြစ်ချင်ဟု ဆိုသော်လည်း မိဘခေါ်မှ ရတော့မည်ဟု ပြောကာ  ဖုန်းလှမ်းဆက်လေသည်။

အထိုးခံလိုက်ရသော ဒဏ်ရာမှာ ပါးစပ်ဟလိုက်တိုင်း နာနေလေသည်။  ရုံးခန်းထဲတွင် ထိုင်စောင့်နေရသော နာရီဝက်ခန့်တွင် ဆရာမတစ်ယောက်က ကြပ်ထုပ်ထိုးပေးနေသဖြင့် သက်သာသယောင် ရှိလာသော်လည်း အနာရှိန်ကတော့ မပျောက်သေးပေ။

စိတ်ထဲတွင်တော့ angry birdအနီကောင်ကို အကြိမ်ကြိမ် ထိုးနေမိသည်။ သူကလည်း မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံပေါ်ကနေ ကျွန်တော့ကို ပြန်စိုက်ကြည့်နေသည်။

နှစ်ယောက်စလုံး အကြည့်မလွှဲခဲ့ကြဘဲ ရှုံးမည့်သူ ထွက်ပေါ်လာသည်အထိ အားပြိုင်နေခဲ့ကြသည်။ ထိုစဉ် ဦးမင်းခေါင်ဦးရော၊ ကျွန်တော့ဖေဖေပါ ရုံးခန်းထဲဝင်လာကြသဖြင့် ပြိုင်ပွဲကိုပြိုင်တူ အဆုံးသတ်လိုက်ရသည်။

အရှက်ကတော့ ကွဲပြီးရင်း ကွဲရောပဲလေ။ ရန်ဖြစ်တာကိုလည်း ကျောင်းသားတွေမြင်သွားကြတယ်။ ပြီးတော့ မိဘတွေလည်း ရုံးခန်းလိုက်လာရတယ်။ ကျွန်တော်က စကားနဲ့ပဲ ဖြေရှင်းချင်တာ ။မှိုင်းခေါင်ဝေဦးကတော့ အဲ့လိုမဟုတ်...အစကတည်းက ဒေါသတွေ တလိမ့်လိမ့်ထွက်နေပြီး ကိုယ်ထိလက်ရောက် လုပ်ခဲ့တာ။

ဖေဖေနဲ့ပါလာတဲ့ ဦးလေးကြီးက မှိုင်းခေါင်ဝေဦးရဲ့အဖေပေါ့။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟု မြင်မြင်ချင်းသိနိုင်သည့် ဝတ်ကောင်းစားလှတွေနှင့် မျက်နှာထားမှာတော့ ခပ်ချီချီ။ မှိုင်းခေါင်ဝေဦးက အဖေနဲ့တူတာဖြစ်ရမည်။

စတွေ့တွေ့ချင်းကြောင့်လားမသိ။ ဦးမင်းခေါင်ဦးကိုမြင်ရတော့ ရှိန်ပြီး ကျောချမ်းလာသလို ခံစားရသည်။ ကိုယ်က ခံရသူဖြစ်သော်လည်း ကြောက်နေခဲ့သော ခံစားချက်မျိုး ဝင်ရောက်လာသောအခါ ထိုခံစားချက်ကို ချက်ချင်းပင် ပြန်တိုက်ထုတ်ရသည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now