Part 15(Unicode)

881 105 4
                                    

ကျောင်းဆင်းချိန်ဖြစ်သည်ဟု သတိပေးလေသည့် ဘဲလ်တီးသံအလွန်တွင် ကားရပ်ထားဆသာနေရာဆီသို့ ငွေရှိုင်းတစ်ယောက် အပြေးလာခဲ့မိသည်။ ကားထဲတွင် ကိုကို့ကို မတွေ့ရသဖြင့် မမနွေရီနှင့် အရင် ပြန်သွားနှင့်ပြီလားဟု ထင်မှတ်မိသေးသည်။

ဒရိုင်ဘာဦးလေးကြီးကို သေချာအောင် မေးကြည့်သောအခါတွင် "နှစ်ယောက်စလုံး ထွက်မလာကြသေးဘူး"ဟု ပြောသဖြင့် စိတ်အေးအေးနေမိသော်လည်း မမနွေရီတစ်ယောက်တည်း ကျောင်းထဲမှ ထွက်လာချိန်ကျမှ ရင်ပူရတော့သည်။

""ကိုကိုရော....မမ"

"ဟင်...မမရှေ့က အရင်ထွက်သွားတာပဲလေ...ရှိုင်းငယ်..."

မမနွေရီသည်လည်း မျက်စိ၊မျက်နှာပျက်ယွင်းသွားပြီး
" သေချာပါတယ်...သူအရင်ထွက်သွားတာ ရှိုင်းငယ်ရဲ့.." ဟုပင် ထပ်လောင်းပြောပြနေပေသည်။

"အဲ့တာဆိုမမ...အိမ်ပြန်လိုက်လေ...ကိုကို မမတို့အိမ်ကိုများ သွားနေမလားမသိဘူး...ကျွန်တော်တို့လည်း ဒီနားတစ်ဝိုက်မှာ ရှာကြည့်လိုက်ဦးမယ်.."

"သူမမတို့အိမ်ကို မလာတာဘဲကြာနေပြီကိုး...
ဒါပေမယ့်လည်း မမအိမ်ကို အရင်ပြန်ကြည့်လိုက်ပါဦးမယ်.ရှိုင်းငယ်လည်း...သူ့ကိုတွေ့၊မတွေ့ အိမ်ပြန်ရောက်တဲ့အခါ မမကိုဖုန်းဆက်ပါဦး..."

စိတ်ပူပန်မှုများနှင့်အတူ လမ်းခွဲနှုတ်ဆက်ပြီးနောက်
Green leaf၏ ကျောင်းဝန်းအတွင်း၊အပြင်တွင် ကိုကို့ကို လိုက်ရှာကြသော်လည်း အရိပ်အယောင်ပင် မမြင်ရချေ။

ဒရိုင်ဘာဦးလေးကြီးသည် ရှာဖွေပြီးသော နေရာများကိုပင် နှစ်ခါ၊သုံးခါပတ်၍ ခေါင်းမီးတောက်အောင် ရှာနေသော်လည်း မတွေ့သဖြင့် မျက်နှာငယ်ငယ်နှင့်ရှိနေသည်။

"ဦးလည်း ကျောင်းအဝမှာပဲ တစ်ချိန်လုံးရှိနေတာပါ...အစ်ကိုလေးက ဘယ်ကနေများထွက်သွားသလဲ...မသိဘူး..." ဟူသော စကားစုကိုသာ လေးလေးပင်ပင်နှင့် အကြိမ်ရေများစွာ ရေရွတ်လေသည်။

ဆက်သွယ်စရာ ဖုန်းမရှိသည်ကပင် ဆိုးလှသည်။ ဆယ်တန်းဖြေပြီးမှ ဖုန်းကိုင်ကြရမည်ဟူသော ဖေဖေ့အမိန့်သည် ယခုကဲ့သို့သော အခြေအနေမျိုး ရောက်လာချိန်မှာတော့ အကျိုးမဖြစ်ထွန်းလှစွာ...။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now