Part 21(Unicode)

730 85 14
                                    

ခြံထဲရှိ နှင်းဆီရုံအနားတွင် ကိုကို့ ကို
တွေ့လိုက်သောကြောင့် အိမ်ထဲမဝင်သေးဘဲ အနားတွင် သွားထိုင်ဖြစ်သည်။ ငွေရှိုင်းမှာ ကျောင်းစိမ်းအကျႌပင် မလဲရသေးပေ။ ကိုကိုသည် ငွေရှိုင်း၏ပုံစံကိုကြည့်ပြီး အသာအယာလေးပြုံးလာသည်။ သို့သော်လည်း ထိုအပြုံးမှာ နွမ်းလျသော အပြုံးမျိုးဖြစ်နေသဖြင့် စိတ်ပူသွားခဲ့ရသည်။

"ဘာဖြစ်လို့လဲ ကိုကို..." ဟုမေးရင်း မြေကြီးပေါ်သို့ စိုက်ကြည့်နေသူအား ငေးကြည့်မိသည်။ သိသိသာသာ ချောင်ကျသွားသော မျက်နှာကိုမြင်တော့ ကိုကိုမပျော်မရွှင် ဖြစ်နေရခြင်းကို ငွေရှိုင်းပိုပြီး သတိထားမိလာသည်။ ဒီရက်ပိုင်းမှာ ဖေဖေနဲ့ပြဿနာဖြစ်သံမျိုးလည်း မကြားမိသဖြင့် ကိုကို့ရဲ့ စိတ်အခြေအနေကို မမှန်းတတ်ဖြစ်နေစဉ်တွင် ကျောင်းမှကြားလာသော သတင်းတို့အား ပြန်အမှတ်ရသည်။

"အောင်စာရင်းထွက်ခါနီးပြီမို့လို့
စိတ်ပူနေတာလားကိုကို...ကိုကိုက တော်ပြီးသားပဲလေ...
ရလဒ်ကောင်းပဲကြားရမှာပါ..."

ငွေရှိုင်းပြောလိုက်သော စကားအဆုံးတွင်
မှိုင်းခေါင်ဝေဦးထံမှ ရယ်သံထွက်လာသည်။ ထို့နောက်
"ရလဒ်ကောင်းမကောင်းကို ငါပဲသိပါတယ်..." ဟူ၍ ပြန်ပြောခဲ့သောကြောင့် ငွေရှိုင်း၏ စိတ်ထဲတွင် မတင်မကျဖြစ်သွားခဲ့သည်။

ဘယ်အရာက အဆင်မပြေဖြစ်နေသေးသလဲတော့ ငွေရှိုင်းလည်းမသိပေ။ ဒီရက်ပိုင်းတွင် အရင်ကနှင့်မတူတော့ဘဲ အေးတိအေးစက်ဖြစ်လာသော ကိုကို့ပုံကိုမြင်တိုင်း ငွေရှိုင်းဘက်က တတ်နိုင်သလောက်  တစ်ခုခုလုပ်ပေးချင်လာသည်။ သို့သော်လည်း ဘာလုပ်ပေးရမလဲ ဆိုတာတော့ သေချာမသိပေ။

မမနွေရီသည်လည်း သင်တန်းကိစ္စတွေနှင့် မအားလပ်သောကြောင့် ကိုကို့မှာ ရင်ဖွင့်တိုင်ပင်စရာ သူငယ်ချင်းနှင့်လည်း ဝေးနေရသည်။ ငွေရှိုင်းကတော့ ကိုကိုရင်ဖွင့်သမျှကို နားထောင်ပေးချင်သည် ဆိုသော်လည်း ထုတ်ဖော်မပြတတ်ခြင်းက ကိုကို့ရဲ့အကျင့်ပင် ဖြစ်နေတော့ ခက်လှပါသည်။

တစ်ယောက်တည်းရှိနေလျှင် အထီးကျန်နေသော ခံစားချက်မျိုး ပိုမိုဝင်ရောက်လာမှာ စိုးရသဖြင့် အဖော်ပြုပေးသည့်အနေဖြင့် ငြိမ်ငြိမ်လေးထိုင်နေဖြစ်သည်။ ခဏကြာတော့ ကိုကိုက ငွေရှိုင်းဘက်ကို လှည့်လာပြီး...

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now