Part 38(Unicode)

793 84 8
                                    

အစည်းအဝေးပြီးသွားသောကြောင့် မှိုင်းခေါင်တစ်ယောက် သူ့ရဲ့ရုံးခန်းထဲသို့ ပြန်ဝင်လာသောအချိန်တွင် အခန်းထဲတွင် ငွေရှိုင်းရှိမနေတော့ပေ။ ပြတင်းပေါက်လိုက်ကာသည်လည်း ဖွင့်လျှက်ကျန်ရစ်ခဲ့သည်။ မှိုင်းခေါင်၏မျက်ခုံးများသည် ငွေရှိုင်းကို မတွေ့ရချိန်မှစ၍ ပိုမိုတောင့်တင်းလာပြီဖြစ်သည်။ သူသည် မင်္သကာစိတ်ကြောင့် စားပွဲပေါ်မှ ပစ္စည်းများကို တစ်ခုချင်း စစ်ဆေးကြည့်မိသည်။

အပေါ်ယံကြည့်လျှင်တော့ အရာအားလုံးက သပ်သပ်ရပ်ရပ် ရှိနေသော်လည်း ဓာတ်ပုံတွေကတော့ မှိုင်းခေါင် ထားခဲ့တဲ့အတိုင်း အစီအစဉ်တကျ ရှိမနေတော့ပေ။

"တွေ့သွားတယ်ပေါ့...."

မှိုင်းခေါင်ရဲ့စကားသံမှာ လေသံလေးမျှသာဖြစ်ပြီး သူ့လက်ထဲရှိ ဓာတ်ပုံတွေကို ဖိုင်ကြားထဲသို့ ပြန်ညှပ်ရင်း မချိပြုံး ပြုံးလိုက်လေသည်။

နောက်ရက်အနည်းငယ်ကြာရင် မင်းရဲ့ဘေးမှာ ငါတစ်ယောက်ပဲရှိနေတော့မှာ ရှိုင်းငယ်...။

သူ့ကိုယ်သူအားတင်းရင်း ရေရွတ်လိုက်သော စကားဖြစ်သည်။ မကြာခင်မှာ အလင်းဝေတစ်ယောက် ဒီနိုင်ငံကနေ ထွက်သွားပြီး ငွေရှိုင်းကလည်း သူ့ရဲ့အနားမှာပဲ ရှိနေတော့မှာဟု တွေးဆမိတော့ စိတ်သက်သာရာ ရမိလေသည်။ ဒါပေမယ့်လည်း ငွေရှိုင်းရဲ့အနီးအနားမှာ အလင်းဝေရှိနေသမျှ ကာလပတ်လုံး မှိုင်းခေါင်ရဲ့ စိတ်နှလုံးသားကတော့ ငြိမ်းချမ်းနိုင်မည် မဟုတ်တော့ပေ။
.
.
.
.
ငွေရှိုင်းသည် သူ့ရဲ့စိတ်တွေကို မနည်းစုစည်းကာ
ငွေ့ရည်မိုးသို့ ပြန်ရောက်လာအောင် ကြိုးစားမောင်းခဲ့ရသည်။ မိမိကိုယ်ပိုင်အခန်းထဲသို့ ရောက်တော့လည်း အခန်းတံခါးကို လော့ချပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။

သူ့ရဲ့စိတ်ထဲတွင် တွေးနေမိသည်မှာ မှိုင်းခေါင်ဟာ ဒီကိစ္စကို သိပြီးတာတောင် သူ့ကို ဘာမှမပြောဘဲ မသိချင်ယောင်ဆောင် နေသည့် အကြောင်းကိုဖြစ်သည်။ ငွေရှိုင်းသည် ထိုအကြောင်းကို စဉ်းစားလေလေ ၊အဖြေမဖော်နိုင်လေလေဖြစ်ရသည်။ နောက်တော့ စိတ်ရှုပ်လာသည်နှင့် ကုတင်ပေါ်တွင် လှဲလျောင်းရင်း သက်ပြင်းတွေချည်း ချနေမိတော့သည်။

ငွေမှိုင်းလင်းဝေ...(ငွေမှိုင်းလင်းဝေ....)Z/U(Completed)Where stories live. Discover now